28 C
Yangon

ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်၊ ဆုငွေ ကျပ်သိန်း ၁၅၀ ချီးမြှင့်

Must read

ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်၊ ဆုငွေ ကျပ်သိန်း ၁၅၀ ချီးမြှင့်

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ် ၁ ဦး လက်နက် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်လာသောကြောင့် ဆုငွေ ကျပ်သိန်း ၁၅၀ ချီးမြှင့်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် KNU နို့တကောမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ် ရဲကိုကိုသည် လက်နက်ခဲယမ်းများနှင့်အတူ KNU – တပ်မဟာ (၆)၊ ကွန်မန်ဒို တပ်ဖွဲ့ထံသို့ လာရောက် အလင်းဝင်ခဲ့ကြောင်း သိရသည်။

အလင်းဝင်လာသော ဒုတပ်ကြပ်ရဲကိုကိုသည် တပ်တွင်း ကြီးနိုင်ငယ်ညှဉ်း ဖိနှိပ်မှုများကို ဆက်လက် သည်းခံနိုင်မှု မရှိတော့သည့် အပြင် အကြမ်းဖက် စစ်တပ်၏ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်ကို မနှစ်သက်သောကြောင့် အလင်းဝင်လာကာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားသည်အထိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး သမားများနှင့်အတူ ပူးပေါင်းပါဝင် ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒုတပ်ကြပ်သည် MA-4 ပူးတွဲ ၁ လက်၊ ၄၀ မမဗုံးသီး ၈ လုံး၊ ကျည်ဘောက် ၄ ဘောက်နှင့် ၅.၅၆ ကျည်တောင့် ၇၅ တောင့် ယူဆောင်လာခဲ့ကြောင်း၊ ထို့ကြောင့် KNU−ကရင်အမျိုးသားအစည်းအရုံး က လက်နက်ခဲယမ်းများနှင့်အတူ လာရောက်ပူးပေါင်းသော ခလရ-၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ် ရဲကိုကို ကို ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် မှ ထောက်ပံ့ငွေအနေဖြင့် မြန်မာငွေ (၁၅,၀၀၀,၀၀၀) သိန်းတစ်ရာ့ငါးဆယ်ကျပ် တိတိအား ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်၏ မတရားဖိနှိပ် အုပ်အုပ်ချုပ်မှု စနစ်အတွက် အထောက်အကူ ဖြစ်စေသော မည်သည့် ထောင့်တိုင်မှန်သမျှကို ဆန့်ကျင်ရန် နှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆို မိမိတို့၏တပ်အား စွန့်ခွာကာ ကေအဲန်ယူ−ကရင် အမျိုးသားအစည်းအရုံး နှင့် နွေးထွေးသော ပြည်သူလူထုများ၏ ရင်ခွင်သို့ လာရောက်ပူးပေါင်းရန် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး နှင့် ပြည်သူလူထုများမှ လှိုက်လှဲစွာ ဖိတ်ခေါ်လျက်ရှိ​ကြောင်း သိရသည်။

ထို့ပြင် ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ထံကို လက်နက်ခဲယမ်းများနှင့်အတူ လာရောက် ပူးပေါင်းသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံတပ်မှ မည့်သည့် စစ်သားမဆို ၎င်းတို့၏ ရှေ့ဆက် ဘဝ ရပ်တည်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးမည် ဖြစ်ပြီး ၎င်းနှင့်အတူ ပါလာသော လက်နက်အမျိုးအစားအလိုက် ကာလတန်ဖိုးနှင့်အညီ ထပ်မံပေးအပ်မည်ဖြစ်သလို သာမာန် ပြည်သူ အနေဖြင့် လုပ်ကိုင်စားသောက်သွားမည်ဆိုပါက ၎င်း၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article