26 C
Yangon

ဝန်းသိုမြို့နယ်၊ ဝင်းကြီးရွာကို စစ်တပ်က ပစ်ခတ်၍ ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့နေ

Must read

ဝန်းသိုမြို့နယ်၊ ဝင်းကြီးရွာကို စစ်တပ်က ပစ်ခတ်၍ ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဝင်းကြီးရွာကို အကြမ်းဖက် စစ်တပ်က စစ် ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့နေကြောင်း Kawlin Revolution-KR အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် ဝန်းသိုမြို့ အခြေစိုက် အကြမ်း ဖက် စစ်တပ်၏ ခမရ ၁၂၀ တပ်ရင်းက ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဝန်းသိုမြို့နယ်၊ ဝင်းကြီးရွာကို ပစ်ခတ် ဝင်ရောက်လာပြီး ယနေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက် ဆီး လျက်ရှိကြောင်း သိရသည်။

” ပြည်သူတွေ ထိခိုက်မှု ရှိ ၊ မရှိတော့ မသိရသေးဘူး။ စစ်ခွေးတွေရွာထဲမှာ မီးစရှို့နေပြီး မီးညွှန့်စတက်လာတာပဲ မြင်နေရတုန်းပါ” ဟု Kawlin Revolution-KR အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ​ပြောဆိုသည်။

Photo – ဒီဇင်ဘာလ ၂ ရက်နေ့က ထီးချိုင့်မြို့ပေါ်ရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေစဥ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article