29 C
Yangon

နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်စနစ်ကို စနစ်တကျ တိုက်ပွဲဝင်နိုင်ရေးအတွက် ဗိုလ်အယ်စေးဝါး ဦးဆောင်သောLion Battalion Commando-ဗျူဟာစစ်ကြောင်း KNLA တပ်မဟာ ၆ လက်အောက်သို့ ဝင်ရောက်

Must read

နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်စနစ်ကို စနစ်တကျ တိုက်ပွဲဝင်နိုင်ရေးအတွက် ဗိုလ်အယ်စေးဝါး ဦးဆောင်သောLion Battalion Commando-ဗျူဟာစစ်ကြောင်း KNLA တပ်မဟာ ၆ လက်အောက်သို့ ဝင်ရောက်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်စနစ်ကို စနစ်တကျ တိုက်ပွဲဝင်နိုင်ရေးအတွက် ဗိုလ်အယ်စေးဝါး ဦးဆောင်သေLion Battalion Commando-ဗျူဟာစစ်ကြောင်းက KNLA တပ်မဟာ ၆ လက်အောက်သို့ ဝင်ရောက်ကြောင်း Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော် အညာသားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ရှင်းရှင်းပြောရရင် တပ်မဟာ ၆ မှာဆိုရင်တော့ အများစုကတော့ KNLA ရဲ့ Chain of Command နဲ့ သွားတယ်ဆိုတဲ့ အပိုင်းကတော့ ပိုပြီးတော့ ထိထိရောက်ရောက် လုပ်ဆောင်ချင်လို့ပဲ ဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့အနေနဲ့ကလည်း ဒီထက်ပိုပြီးတော့ စစ်ရေးတွေကို အကျယ်တဝင့် စစ်ရေးစီမံချက်တွေကို များများလုပ်ဆောင်ဖို့ဆို ကျွန်တော်တို့ အင်အားစုတစ်ရပ် ခိုင်ခိုင်မာမာရှိထားတဲ့ အုတ်မြစ်ခိုင်မာထားတဲ့ KNLA လက်အောက်ကို ဝင်တယ်။ လက်အောက်ကို ဝင်လိုက်ခြင်းဖြစ်တယ်။ အဓိက သူတို့နဲ့ အများစုစစ်တိုက်ရတာကိုက KNLA စစ်သားအများစုနဲ့ ပူးတွဲစစ်ရေးဖော်ဆောင်မှုတွေက နွေဦးတော်လှန်ရေးမှာ တောက်လျှောက်လုပ်လာရတာဖြစ်တဲ့အတွက် သူတို့နဲ့ပြန်လည်ပူးပေါင်းပြီးတော့ စနစ်တကျတိုက်ပွဲဝင်သွားဖို့အတွက် ဒီဟာကို လုပ်ဆောင်လိုက်တာပဲ ဖြစ်ပါတယ်” ဟု Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်အညာသားက ရှင်းပြသည်။

ဗိုလ်အယ်စေးဝါး ဦးဆောင်သော Lion Battalion Commando-ဗျူဟာစစ်ကြောင်းသည် နိုဝင်ဘာလအတွင်းတွင် KNLA တပ်မဟာ ၆ လက်အောကသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“တော်လှနိရေးက မြန်မြန်ပြီးဖို့ဆိုရင် ကျွန်တော်တို့တွေ မြန်မြန်စုစည်းဖို့ လိုတယ်လေ ကျွန်တော်တို့ စုစည်းမှုအား ကောင်းကောင်းနဲ့ ကျွန်တော်တို့ ဆက်ပြီးတော့ တိုက်ပွဲစီမံချက်တွေကို ဖော်ဆောင်သွားမယ်။ တပ်မဟာ ၆ မှာရှိတဲ့ လက်ရှိ လူကြီးတွေရဲ့ ဦးဆောင်လမ်းပြမှုနဲ့အတူ ကျွန်တော်တို့တွေ တိုက်ပွဲတွေကို ဒီထက်မက ပိုပြီးတော့ ထိထိရောက်ရောက် ကျွန်တော်တို့ ဆောင်ရွက်မယ်။ စစ်ရေးစီမံချက်တွေကို ကျွန်တော်တို့ အကောင်းဆုံးကြိုးစား ဆောင်ရွက်မယ်၊ ပြင်ဆင်မယ်။ နောက်ပြီး ကျွန်တော်တို့အနေနဲ့ အရင်လိုမျိုး ဆက်ပြီးတော့ တိုက်ပွဲတွေကတော့ ဆက်ပြီး ဝင်နေမှာ ဖြစ်တယ်။ ဒီထက်ပိုပြီး ကျွန်တော်တို့တွေ ပြည်သူလူထုကို ပိုပြီး ကောင်းမွန်တဲ့ ရလဒ်တွေ ရအောင် ကျွန်တော်တို့တွေ စွမ်းဆောင်နိုင်ဖို့အတွက် ကျွန်တော်တို့မှာ ကျွန်တော်တို့တွေ စည်းလုံးဖို့ လိုတယ်။ ညီညွတ်ဖို့ လိုတယ်။ အခုချိန်မှာမှ မစည်းလုံးရင် ဘယ်အချိန်မှာမှ စည်းလုံးဖို့ အချိန်ဆိုတာ ရှိမှာ မဟုတ်ဘူး။ ဒီအချက်တွေကြောင့်ပဲ ကျွန်တော်တို့က အခုလိုမျိုး အတူတူပူးပေါင်း ဆောင်ရွက်တော့မှာပဲ ဖြစ်တယ်။ ရှေ့လျှောက်ကျရင် ကျွန်တော်တို့ တပ်မဟာ ၆ ရဲ့လက်အောက်ခံ စစ်ကြောင်း တစ်ကြောင်းအဖြစ် တရားဝင် စစ်ရေးစီမံချက်တွေကို အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်” ဟု ရဲဘော်အညာသားက ဆိုသည်။

ဗိုလ်အယ်စေးဝါး ဦးဆောင်သော Lion Battalion Commando-ဗျူဟာစစ်ကြောင်းသည် ယခင်က KTLA ကော်သူလေး တပ်မတော်၏ လက်အောက်ခံ စစ်ကြောင်းအဖြစ် ရပ်တည်ခဲ့ရာမှ ယခုအခါ KNLA လက်အောက်ခံ စစ်ကြောင်းအဖြစ် ကူးပြောင်းသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article