29 C
Yangon

အုတ်ဖိုမြို့နယ်တွင် ၂ ရွာစား လက်နက်ကိုင် အုပ်ချုပ်ရေးမှူး လင်မယား ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

Must read

အုတ်ဖိုမြို့နယ်တွင် ၂ ရွာစား လက်နက်ကိုင် အုပ်ချုပ်ရေးမှူး လင်မယား ပစ်ခတ်ခံရပြီး ၂ ဦးလုံးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် ရေတာကျေးရွာနှင့် ကျေးပင်အင်ကျေးရွာကို အုပ်ချုပ်ရသည့် ၂ ရွာစား လက်နက်ကိုင် အုပ်ချုပ်ရေးမှူး လင်မယား ကို ပစ်ခတ်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင် အုတ်ဖိုမြို့နယ်၊ ရေတာကျေးရွာနှင့် ကျေးပင်အင်ကျေးရွာကို အုပ်ချုပ်ရသည့် ၂ ရွာစား လက်နက်ကိုင် အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် သန်းနိုင် နှင့် ဇနီးဖြစ်သူ ခင်ဌေးမြင့်တို့ကို ကျေးပင်အင်ရွာရှိ ၎င်းတို့၏ နေအိမ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး သန်းနိုင် နှင့် ဇနီးဖြစ်သူ ခင်ဌေးမြင့်တို့ နေအိမ်အတွင်းမှ လက်ပစ်ဗုံး ၂ လုံး၊ အီနာဂါ ၁ လုံး၊ အီနာဂါပို့ကျည် ၁ လုံး၊ ၅.၅၆ ကျည် ၆ တောင့်၊ စကားပြောစက် ၁ လုံးကို သိမ်းဆည်းရရှိပြီး သန်းနိုင် ကိုင်ဆောင်သည့် ပစ္စတိုသေနတ်ကို မတွေ့ရှိခဲ့​ကြောင်း သိရှိရသည်။

အုပ်ချုပ်ရေးမှူး သန်းနိုင် နှင့် ဇနီးဖြစ်သူ ခင်ဌေးမြင့်သည် အကြမ်းဖက် စစ်တပ်ထံ တော်လှန်ရေး ရဲဘော်များ၏ အချက်အလက်များနှင့် PDF စခန်း တည်နေရာများကို ထောက်လှမ်းသတင်းပို့ခြင်း၊ လောင်းကစားဝိုင်းများနှင့် ချဲနှစ်လုံးဒိုင်များထံ လိုက်လံ ဆက်ကြေးကောက်ခံခြင်း၊ ဒေသခံပြည်သူများကို စကစများအားကိုးဖြင့် ဖိနှိပ်ဒုက္ခပေးနေသောကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“လက်နက်ကိုင် ပျူစောထီး လင်မယားက မနက် ၅ နာရီ ၂၀ လောက်မှာ ရေတာရွာ နဲ့ ကျေးပင်အင်ရွာကို လာတော့ ကျွန်တော်တို့က အဲရွာ ၂ ရွာ အကြားမှာ ပစ်ခတ် တိုက်ခိုက်ဖို့ စောင့်နေတာ ကျွန်တော်တို့ကို မြင်ပြီး ကျေးပင်အင်ရွာက သူတို့အိမ်ကို ထွက်ပြေးတာ အဲ့ဒါနဲ့ နောက်ကလိုက်ပစ်ရင်း အိမ်ထဲမှာပဲ လင်မယား ၂ ဦးလုံးသေဆုံးသွားတာ သူတို့လင်မယားက အရမ်းဆိုးတယ် ရေတာရွာမှာ မနေရဲလို့ ရှောင်နေရတဲ့ ပျူခေါင်းဆောင် ကျော်ကြီးရဲ့တပည့်တွေ ရွာမှာ သေနတ်တပြပြ ဗုံးတပြပြနဲ့ ပြည်သူတွေကို အရမ်းဒုက္ခပေးတယ်။ သူကိုင်တဲ့ သေနတ်တော့ ရှာတာမတွေ့ခဲ့ဘူး” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article