28 C
Yangon

လားရှိုးမြို့၊ ခမရ ၅၁၂ တပ်ရင်းမှ တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး TNLA တပ်ဖွဲ့ထံ အလင်းဝင်

Must read

လားရှိုးမြို့၊ ခမရ ၅၁၂ တပ်ရင်းမှ တပ်သား ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး TNLA တပ်ဖွဲ့ထံ အလင်းဝင်

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခမရ ၅၁၂ တပ်ရင်း မှ တပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ TNLA တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် လားရှိုးမြို့တွင်း၌ လုံခြုံရေးဆောင်ရွက်နေသော အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ခမရ ၅၁၂ တပ်ရင်းမှ တပ်သား ဟိန်းမင်းဦးသည် စစ်ကောင်စီ၏ အုပ် ချုပ်မှုကို ကြိုက်နှစ်သက်မှုမရှိခြင်း၊ မြောက်ပိုင်းညီနောင်မဟာမိတ်နှင့်အတူ ပြည်သူလူထုဘက် ရပ်တည်လိုခြင်းတို့ ကြောင့် PSLF/TNLA ထံ ဆက်သွယ်ကာ သေနတ် ၁ လက်၊ ကျည် အတောင့် ၂၀၀ ကျော်နှင့်အတူ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့ကလည်း လားရှိးမြိုနယ် ကုန်စုံရွာက စစ်ကောင်စီ၏ ခမရ – ၃၆၂ က တပ်သား တစ်ဦးသည် စစ်မတိုက်လိုတော့တာကြောင့် လက်နက်ခံယမ်းနှင့်အတူ PSLF/TNLA ထံအလင်းဝင်ခဲ့ ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ စစ်သားများ၊ ရဲများနှင့် ဌာနအသီးသီးတွင် တာဝန်ထမ်း ဆောင်နေကြသည့် ပုဂ္ဂိုလ်များအနေဖြင့် ပြည်သူ့ဘက်ရပ်တည်ပြီး အလင်းဝင်ကြရန် တအာင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး -TNLA တပ်ဖွဲ့က ဖိတ်ခေါ်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article