29 C
Yangon

ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ည အချိန် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦး ပြင်းထန် ဒဏ်ရာရ

Must read

ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ည အချိန် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၅ ဦးသေဆုံးပြီး ကလေးငယ် ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်တွင် ဘူးသီးတောင်မြို့နယ်၊ သုံးဆယ့်တဘုံ စေတီကုန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၉ တပ်ရင်းက လက်နက်ကြီးဖြင့် စေတီတောင်ရွာနှင့် အပါးဟပ်စပ်ရပ်ရွာ တို့ကို အကြိမ် ၂၀ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဘူးသီးတောင်မြို့နယ်၊ စေတီတောင်ရွာမှ အသက် ၆၀ အရွယ် ဦးဇာဖော့၊ နန့် အသက် ၂၅ နှစ်အရွယ် ကိုမာမောက်တာမီ၊ အသက် ၁၈ နှစ်အရွယ် ကိုဆွေတာမီ၊ အသက် ၁၄ နှစ်အရွယ် မအာဂျီတာနှင့် အမည်မသိ ပြည်သူ တစ်ဦးသေဆုံးကာ အသက် ၁၀ နှစ်အရွယ် မမာဂျီတာ နှင့် အသက် ၇ နှစ်အရွယ် မောင်ရော်ဖီးတို့ ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သေဆုံးသူ ၅ ဦးထဲမှ ဦးဇာဖော့၏ ရုပ်အလောင်းကိုသာ ပြန်ရခဲ့ပြီး ကျန်လူ ၄ ဦး၏ ရုပ်အလောင်းများ မီးထဲပါသွားကြောင်း၊ ထို့ပြင် အပါးဟပ်စပ်ရွာလည်း လက်နက်ကြီးကျရောက် ခဲ့ပြီး မောင်တော်ဟ နှင့် အသက် ၃၀ အရွယ် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article