29 C
Yangon

ရေစကြိုမြို့ရှိ ထွေအုပ်ရုံး၊ စစ်ဆေးရေး လုပ်ဆောင်နေသော စစ်ကောင်စီ တပ်သားများနှင့် စစ်ကြောင်းတို့ကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

Must read

ရေစကြိုမြို့ရှိ ထွေအုပ်ရုံး၊ စစ်ဆေးရေး လုပ်ဆောင်နေသော စစ်ကောင်စီ တပ်သားများနှင့် စစ်ကြောင်းတို့ကို ပစ်ခတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

မကွေးတိုင်း၊ ရေစကြိုမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Myingyan Balck Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၇ ရက် ည ၉ နာရီခန့်က ရေစကြို၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံ( ရုံးပေါင်စုံ) အတွင်းသို့ လှည့်ကင်းကား ၂ စီး ဝင်ရောက်သွားကြောင်း မျက်မြင်တွေ့ရှိလိုက်သဖြင့် ၄၀ မမ ဗုံးသီး တစ်လုံး ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးအပြင်းအ ထန် ဒဏ်ရာ ရရှိခဲ့ကြောင်း၊ သေဆုံးသွားသော အကြမ်းဖက်စစ်ကောင်စီတပ်သားကို ရေစကြိုမြို့ ၂၅၈ တပ်ရင်း အတွင်းသို့ သယ်ဆောင်သွားပြီး ယနေ့ ဒီဇင်ဘာလ ၂၈ ရက် ညနေ ၃ နာရီခန့်တွင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ရဲဘော်တွေ မြို့ထဲမှာ လုံခြုံရေး ကင်းလှည့်နေတဲ့အချိန်မှာ စစ်ကား ၂ စီးက ရုံးပေါင်းစုံထဲ ကို ဝင်သွားတာမြင်လို့ဆိုပြီး ၄၀ နဲ့လှမ်းပစ်ခဲ့တာ၊ တည့်တိုးတာပေါ့၊ ရပ်ကွက်ထဲလှည့်ပြီး တောင်းစား နေတဲ့ စစ်ခွေး တစ်ကောင်သေပြီး ၂ ကောင်ဒဏ်ရာရသွားတာပါဗျ” ဟု Myingyan Balck Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့် TPG တပ်ဖွဲ့တို့ ပူးပေါင်း လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

အလားတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက​ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ရေစကြိုမြို့နယ် ခလရ ၂၅၈ မှ ထွက်လာသော အင်အား ၃၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကံသစ်ကျေးရွာ အရောက်တွင် ရေစကြို ပကဖ က ၆၀ မမ ဗုံးသီး ၄ လုံး ပစ်ခတ်ခဲ့ရာ စစ်သား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ရေစကြိုမြို့နယ် မြို့မရဲစခန်းရှေ့တွင် စစ်ဆေးနေသော စစ်သားနှင့်ရဲများကို ရေစကြို ပကဖ က ၆၀ မမ ဗုံးသီး ၂ လုံး ပစ်ခတ်တိုက်ခိုက် ရဲ ၁ ဦး ဒဏ်ရာရပြီး ရေစကြိုမြို့နယ် ပြည်သူ့ဆေးရုံ၌ ကုသနေရကြောင်း သိရှိရသည်။

“၂၅၈ ထဲက ထွက်လာပြီး ကံဘဲ့ ဘက်ကို စစ်ကြောင်းထိုးပြီးတော့ ပြန်လာတဲ့အချိန် ကံသစ်ရွာကို အရောက်မှာ သူတို့ တပ်ထဲပြန်ဖို့ တပ်နဲ့ ကံသစ်ကလည်း နီးတာဆိုတော့ အဲဒီကံသစ်ရွာထဲ ရောက်တဲ့အချိန်မှာ လက်နက်ကြီးနဲ့ သွားထုတာ သေတော့မသေဘူး။ ခြေထောက်ကတော့ တော် တော်ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာ ရွာထဲအိမ်တွေမှာ သွေးကွက်တွေ အခုချိန်အထိ ကျန်နေခဲ့သေးတယ်။ ဗုံးထုပြီးတော့ ခဏလောက်နေပြီး တပ်ထဲပြန်ဝင်သွားတယ်။ မနေ့ကတော့ သူတို့ဘာသတင်းရလဲမသိဘူး၊ အရင်အဲလို စစ်တာဆေးတာမရှိဘူး၊ ရဲစခန်းရှေ့ ကတ္တရာလမ်းမှာ စစ်နေတာ စစ်နေတယ်ဆိုပြီး သတင်းရလို့ ၆၀ မမနဲ့ သွားထုတာ အဲဒီမှာ တစ်ယောက်ဒဏ်ရာရတာ ထိထိချင်းပဲ ရေစကြိုပြည်သူ့ဆေးရုံကို တန်းတင်တယ်လို့ သိရတယ်” ရေစကြိုပကဖမှတာ ဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article