29 C
Yangon

ကော့ကရိတ်၊ တောင်ကြာအင်းရဲစခန်းနှင့် စစ်တပ်စခန်းကို သိမ်းပိုက်မှု ရဲ ၁၀ ဦးဖမ်းမိပြီး လက်နက် ၂၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ကော့ကရိတ်၊ တောင်ကြာအင်းရဲစခန်းနှင့် စစ်တပ်စခန်းကို သိမ်းပိုက်မှု ရဲ ၁၀ ဦးဖမ်းမိပြီး လက်နက် ၂၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း ရဲစခန်းနှင့် စစ်တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးအရှင်ဖမ်းမိခဲ့ပြီး လက်နက် ၂၅ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်အစောပိုင်းအချိန် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရဲစခန်းကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် KNDO ဦးစီးတော်လှန်ရေးပူးပေါင်းတပ်က လာ့တကော(တောင်ကြာအင်း)ရဲစခန်းနှင့် စစ်တပ်စခန်း ကို တိုက်ခိုက်ရှင်းလင်းသိမ်းပိုက် ခဲ့ကြောင်း၊ ရဲ တပ်ဖွဲ့ဝင် ၁၀ ဦးအရှင်ဖမ်းမိခဲ့ပြီး လက်နက် ၂၅ လက်နှင့် ဆက်စပ် ခဲယမ်းကျည်များ၊ စစ်အသုံးအ ဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“အခုထက်ထိတော့ တောင်ကြာအင်းရဲစခန်းကို အပြီးသတ် သိမ်းပိုက်နိုင်တယ်။ KNLA ၊ PDF ပူးပေါင်းတပ်တွေ အားလုံး သိမ်းကြတာပါ။ ဒူးပလာယာခရိုင် ပြန်ကြားရေးက အတိအကျ သတင်းပြန်ထုတ်ဖို့ ရှိပါတယ်။ အခုထက်ထိတော့ စစ်တပ်က လက်နက်ကြီးတွေ ပစ်နေဆဲပါပဲ” ဟု Lion Battalion ဗျူဟာစစ်ကြောင်းမှ ရဲဘော် အညာသားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- တောင်ကြာအင်းရဲစခန်းနှင့် စစ်တပ်စခန်းမှသိမ်းဆည်းရရှိခဲ့ သောလက်နက်ခဲယမ်းနှင့် စစ်ပစ္စည်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article