29 C
Yangon

စစ်ကောင်စီတပ်များ ဆုတ်ခွာပြီးနောက် မိုင်းငေါ့မြို့ကို အညှာအတာကင်းမဲ့စွာဖြင့် လေယာဉ်များသုံး၍ ဗုံးကျဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်၍ တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေ

Must read

စစ်ကောင်စီတပ်များ ဆုတ်ခွာပြီးနောက် မိုင်းငေါ့မြို့ကို အညှာအတာကင်းမဲ့စွာဖြင့် လေယာဉ်များသုံး၍ ဗုံးကျဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်၍ တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့တွင် ဒီဇင်ဘာ ၃၀ ရက်နေ့ ညပိုင်းမှစ၍ အကြမ်းဖက်စစ်တပ်နှင့် TNLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေကာ စစ်ကောင်စီတပ်များ မြို့တွင်းမှ ဆုတ်ခွာပြီးနောက် မိုင်းငေါ့မြို့ကို အညှာအတာကင်းမဲ့စွာဖြင့် လေယာဉ်များသုံး၍ ဗုံးကျဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်၍ တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်းကြောင့် မိုင်းငေါ့မြို့ရှိ မီးသတ်ရုံး၊ စာသင် ကျောင်း၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များနှင့် စျေးများ ထိမှန်မီးလောင်ပြာကျနေကြောင်း သိရှိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းမှ ယနေ့ ဇန်နဝါရီလ ၁ ရက်နေ့အထိ စစ်တပ်က ပစ်ခတ်မှုများ တောက်လျှောက်လုပ် ဆောင်နေကြောင်း သိရှိရသည်။

“စစ်တပ်က သူတို့လ က်လွှတ်ရတော့မယ်ဆိုရင် အညှာအတာ ကင်းမဲ့စွာနဲ့ မြို့ကို ဖျက်ဆီးနေတာပဲ။ ပြည်သူတွေလည်း ပြေး၊ မြို့လည်းပျက် ပုံစံမျိုးဖြစ်နေတယ်။ သေဆုံးထိခိုက်မှုတွေရှိနေပေမယ့် အတိအကျ သိဖို့ ခက်ခဲပါတယ်။ အားလုံး ထွက်ပြေးနေရတာမို့ပါ” ဟု မိုင်းငေါ့မြို့ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article