29 C
Yangon

မောင်တောမြို့နယ်၊ ကံသာယာအထက်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရ

Must read

မောင်တောမြို့နယ်၊ ကံသာယာအထက်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကံသာယာအထက်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ပြည်သူ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။

ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်တွင် မောင်တောမြို့နယ်၊ တပ်ဦးချောင်းအုပ်စု၊ ကံသာယာအထက်ရွာကို မောင်တောမြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ နခခ ၅ တပ်ရင်းနှင့် ၆ မိုင်တပ်စခန်းတို့က လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ၃ လုံးသည် ကံသာယာအထက်ရွာရှိ ဦးကောင်းလှညို၏ နေအိမ်ကို ၁ လုံးနှင့် ရွာလမ်းမဘေးတွင် ၂ လုံးကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၁၁ နှစ်အရွယ် မနုနုဝေ၊ အသက် ၁၁ နှစ်အရွယ် မဝါဆိုမိုး၊ အသက် ၁၃ နှစ်အရွယ် မမိုးစံပယ် နှင့် အသက် ၇၈ နှစ်အရွယ် ဦးကောင်းလှညိုတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article