27 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရကာ နေအိမ် ၂ လုံးပျက်စီး

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရကာ နေအိမ် ၂ လုံးပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရကာ နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ဇန်နဝါရီလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်က ကျန်ခဲ့သော လက်နက်ကြီးကျည် ပေါက်ကွဲမှု၊ လက်နက်ကြီးနှင့် လေကြောင်း တို့ဖြင့် ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ရပြီး ၄ ဦး ထိခိုက် ဒဏ်ရာရရှိကာ နေအိမ် ၂ လုံးလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်တွင် ဖြူးမြို့၊ သောင်းကြီးရွာ၌ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စဥ် စစ်ကောင်စီတပ်သားများ ကျန်ရှိခဲ့သော MA ခွင်းဗုံးကို ကောက်ယူ ဆော့ကစားမိရာမှ ပေါက်ကွဲမှု ဖြစ်ပွားပြီး သောင်ကြီးကျေးရွာနေမှ အသက် ၁၀ နှစ်အရွယ် မောင်ရဲရင့်ဇော် သေဆုံးပြီး အသက် ၁၁ နှစ်အရွယ် မောင်ဇော်မျိုးသူ စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဇန်နဝါရီလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၃၀၇ တပ်ရင်းက ပစ်ခတ်သော ၁၂၀ မမ လက်နက်ကြီး ၁ လုံး ဇလုပ်ကြီးကျေးရွာအတွင်းကို ကျရောက် ပေါက်ကွဲခဲ့သောကြောင့် ဇလုပ်ကြီးရွာသား ဦးကြည်မြိုင် ၆၅ နှစ် မျက်နှာတွင် ကျည်စထိမှန်ကာ စိုးရိမ်ရသော ဒဏ်ရာရရှိခဲ့ပြီး ဦးမောင်တင့်နှင့် ဒေါ်တင်ဥတို့၏ နေအိမ်မှာလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်ခန့်တွင် ကျွန်းပင်ဆိပ်ရွာနှင့် ငလောက်တက်ရွာ အကြားရှိ သူဌေးကုန်း ဘုန်းကြီးကျောင်း အနီးပတ်ဝန်းကျင်ကို အကြမ်းဖက် စစ်တပ်၏ တောင်ငူလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီး သည် ဗုံး ၈ လုံးကျဲချ တိုက်ခိုက် ခဲ့သည့်အပြင် စက်သေနတ်များဖြင့် ၃ ကြိမ်ခန့် လှည့်ပတ် ပစ်ခတ်သွားသည့် အတွက် စပါးလာရောက် ဝယ်ယူသူ ရင်းတိုက်ကုန်းရွာသား အသက် ၄၁ နှစ်အရွယ် စောအောင်မျိုးဝင်းဌေး သေဆုံးခဲ့ပြီး ဆဲဒေးရွာသား စောထူးဘလုစေး အသက် ၂၅ နှစ် နှင့် ရင်တိုက်ကုန်းရွာသား ဖားမူးဝါး အသက် ၄၁ နှစ်တို့ ထိခိုက် ဒဏ်ရာရရှိခဲ့​ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့ ည ၉ နာရီ ၂ မိနစ် နှင့် ၉ နာရီ ၇ မိနစ်တို့တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ရေလဲကျေးရွာအတွင်းရှိ တီးမောင်တူးနူး နှင့် တီးသန်းထွန်းလင်းတို့၏ ခြံဝင်း အတွင်းကို ကျရောက် ပေါက်ကွဲခြင်းကြောင့် နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article