28 C
Yangon

ရွှေဘိုမြို့ပေါ်တွင် ပျူစောထီးများနှင့် PDF တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုဖြစ်ပွားကာ ပျူစောထီး ခေါင်းဆောင် အပါအဝင် ၂ ဦးသေဆုံး

Must read

ရွှေဘိုမြို့ပေါ်တွင် ပျူစောထီးများနှင့် PDF တပ်ဖွဲ့ဝင်များ ပစ်ခတ်မှုဖြစ်ပွားကာ ပျူစောထီး ခေါင်းဆောင် အပါအဝင် ၂ ဦးသေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ရန်ကြီးအောင်ရပ်ကွက်အနီးတွင် ပျူစောထီး ၅ ဦးနှင့် PDF တပ်ဖွဲ့ဝင်များ အမှတ်မထင် တွေ့ဆုံကာ ပစ်ခတ်မှု ဖြစ်ပွားပြီး ပျူစောထီးခေါင်းဆောင်အပါအဝင် ၂ ဦးသေဆုံးခဲ့ ကြောင်း War Lord Defense Force – Shwe Bo မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဇန်နဝါရီလ ၇ ရက် နံနက် ၁၀ နာရီ ၁၁ မိနစ်တွင် ရွှေဘိုမြို့နယ်၊ မြင်းစီး‌ ကျေးရွာမှ ပျူစောထီး ခေါင်း ဆောင်(သူရဗလ)ဘွဲ့ရ ဌေးအောင်နှင့် နောက်လိုက် ၄ ဦးကို ရွှေဘိုမြို့ ၊ ရန်ကြီးအောင်ရပ်ကွက် အနီး တွင် အမှတ်မထင်‌တွေ့ဆုံခဲ့သဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ရာ ပျူခေါင်းဆောင် ဌေးအောင်နှင့် နောက်လိုက် ပျူစောထီး တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး လက်တစ်ဖက်ပြတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူ ပျူစောထီး ခေါင်းဆောင် ဌေးအောင် သည် ရွှေဘိုအနောက်ခြမ်းရှိ ကျေးရွာများကို ဝင် ရောက်မီးရှို့၊ လူသတ်၊ မုဒိမ်းကျင့် နေသည့် ပျူခေါင်းဆောင်တစ်ဦးဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု အ တွင်း ပြည်သူများ အသွားအလာရှိနေသဖြင့် အချိန်ယူကာ ထိန်းထိန်းသိမ်းသိမ်းပစ်ခတ်ခဲ့ရကြောင်း၊ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သား၊ ပျူစောထီးများ၊ ထောက်တိုင်များနှင့် ဝေးဝေးနေထိုင်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

အဆိုပါ တိုက်ခိုက်မှုကို War Lord Defense Force PDF(B-4 /C-2) နှင့် ပူးပေါင်းမဟာမိတ်များဖြစ် ကြ သော Guardian Force PDF (B-4/C-1) ၊ Snake Eyes – PDF(B4/C-3) ၊ Zoe Defense Force PDF (SHWEBO) ၊ ဘီလူးညီနောင်ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ ၊ရွှေဘိုအားမာန် မြို့ပြပျောက်ကျား UG အဖွဲ့ ၊ သိခ်အားမာန်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article