29 C
Yangon

တန့်ဆည်တွင် စစ်ကောင်စီတပ်ဖွဲ့ ၂ ကြိမ် မိုင်းဆွဲခံရပြီး စစ်ကား ၁ စီးမီးလောင်သွားကာ စစ်သားနှင့် ပျူစောထီး ၁၅ ဦးခန့် သေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၃

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် စိန်းလန်းရုံးနှင့် ဝရင်ငယ်-ရွာသစ် ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို ယမန်နေ့ ဧပြီလ ၂ ရက် ည ၉ နာရီဝန်းကျင်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကား ၁ စီး မီးလောင်ပျက်စီးသွားကာ စစ်သားနှင့် ပျူစောထီး ၁၅ ဦးခန့် ထိခိုက်သေဆုံးနိုင်ကြောင်း သတင်းရရှိသည်။

“မိုင်းဆွဲတာက ၂ ကြိမ်ပါ၊ ပထမအကြိမ်က ၉ နာရီ အတိမှာ၊ နောက်တကြိမ်က ၉ နာရီ ၁၀ မိနစ်လောက်မှာ ပဒေသာမိုင်းနဲ့ တိုက်ခိုက်တာပါ” ဟု MDF – Taze Tiger အဖွဲ့က ရန်ကုန်ခေတ်သစ်သို့ အတည်ပြုသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို Myanmar Defense Force – Taze Tiger အဖွဲ့နှင့် တန့်ဆည် ပ.က.ဖ (ရွှေဘိုခရိုင် တပ်ရင်း ၁၀) တို့ ပူးပေါင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကား ၁ စီးမှာ မီးလောင်ပျက်စီးသွားပြီး ကျန် ၁ စီးလည်း အပြင်းအထန်ထိခိုက်သွားကြောင်း MDF – Taze Tiger အဖွဲ့က သတင်းထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article