25 C
Yangon

မုံရွာအကျဉ်းထောင်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော် ဆန္ဒပြ၊ မုံရွာမြို့ပေါ်မှာ ဗုံးပေါက်ပြီး စစ်တပ်က ရမ်းသမ်းပစ်ခတ်နေ

Must read

ရန်ကုန်၊ ဧပြီ ၃

စစ်ကိုင်းတိုင်း မုံရွာမြို့ မုံရွာအကျဉ်းထောင် အတွင်းမှာ ဧပြီလ (၃)ရက် ညနေပိုင်းက စစ် အာဏာရှင်ဆန့်ကျင်ရေးကြွေးကြော်သံတွေ ကြွေးကြော်ဆန္ဒပြနေကြတယ်လို့ ကနဦးသိ ရပါတယ်။

အကျဉ်းထောင်အတွင်းကနေ ဒို့ပြည်သူတွေ ညီရဲ့လားဟေ့ ဆိုတဲ့ ကြွေးကြော် သံတွေပေါ် ထွက်လာပြီး သေနတ်ပစ်ခတ်သံတွေလည်း ကြားနေရတယ်လို့ မုံရွာဒေသခံတွေကပြော ပါတယ်။

လက်ရှိ မုံရွာမြို့ပေါ်မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားပြီး သေနတ်နဲ့ ပစ်ခတ်သံတွေ ဆက်တိုက်ဆိုသလိုထွက်ပေါ်လျက်ရှိနေတယ်လို့ သိရပါတယ်။

“ညနေ ၆ နာရီထိုးလောက်မှာ မုံရွာမြို့ပေါ် Mytelရုံးရှေ့မှာ ဗုံးပေါက်တယ်။ စစ်တပ်က သေ နတ်တွေနဲ့ လှမ်းပစ်တယ်။ ဘယ်ကို ပစ်မှန်းမသိဘူး။ ဆည်းမြောင်းရုံးအရှေ့ဘက် ပါရမီလမ်းထောင့်မှာလည်း သေနတ်တွေနဲ့ စစ်သားတွေ ပစ်သံလည်း ကြားရတယ်။ စစ်ကားတချို့လည်းသွားနေတာမြင်ရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article