32 C
Yangon

ခင်ဦးမြို့နယ်၊ ငါးတင်းကြီးကျေးရွာကို စစ်တပ်က ယခုညမီးရှို့၊ ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံရပြီး PDF ရဲဘော် ၃ ဦး ကျဆုံး

Must read

ရန်ကုန်၊ ဧပြီ ၃

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ငါးတင်းကြီးကျေးရွာကို ယနေ့ည ၈ နာရီဝန်းကျင်တွင် စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့လျက်ရှိကြောင်း ခင်ဦးမြို့နယ် သတင်း မှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

ယနေ့ နံနက် ၈ နာရီအချိန်မှစ၍ ခင်ဦးမြို့နယ် ငါးတင်းကြီးကျေးရွာသို့ လက်နက်ကြီး/လက်နက်ငယ်များ အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်ပြီး ရောက်ရှိနေသော အင်အား ၈၀ ခန့်ပါ စစ်ကြောင်းသည် ငါးတင်းကြီးရွာကို နံနက် ၉ နာရီ ၂၀ မိနစ်တွင် တစ်ကြိမ်၊ မွန်းလွဲ ၁နာရီတွင် တစ်ကြိမ် ပေါင်းနှစ်ကြိမ် မီးတင်ရှို့ထားရာ ညအချိန်အထိ မီးရောင်မြင်နေရသဖြင့် ရွာလုံးကျွတ်နီးပါး ပြာကျမှုများရှိလာနိုင်ကြောင်း သိရှိရသည်။

ယနေ့ ဧပြီလ၃ရက်နေ့ နံနက် ၈နာရီအချိန်တွင် မင်းဝံစိုက်ကွင်းကျေးရွာမှ ငါးတင်းကြီးကျေးရွာသို့ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နေအိမ်အချို့ မီးရှို့ခံနေရကြောင်း၊ အိမ်ခြေတစ်ထောင်ကျော်ရှိသော ငါးတင်းကြီးကျေးရွာတွင် လူဦးရေ၃၀၀၀ခန့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

“၁ရက်နေ့က ထနောင်းကိုင်းကြီးရွာကနေလက်နက်ကြီးနဲ့ပစ်ဝင်လာပြီးအိမ် ၄ လုံးနဲ့စာသင်ဆောင်တစ်ဆောင်မီးရှို့ဖျက်ဆီးခံရတယ်။ LPDF ၃ ဦးကျဆုံး၍ ၂ ဦးဒဏ်ရာရပါတယ်။ ၃ရက်နေ့မှာတော့ ငါးတွင်းကြီးရွာအတွင်းသို့ဝင်ရောက်၍ မီးရှို့နေကြတယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ခင်ဦးမြို့နယ်အတွင်း ဧပြီလ ၁ ရက်နေ့ မှစတင်၍ ထနောင်းကိုင်းကြီးကျေးရွာနှင့် မင်းဝံ စိုက်ကွင်းကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ပြီး ပြည်သူပိုင်နေအိမနေအိမ်များကို မီးရှို့ဖျက်ဆီးကြောင်း ၊ဧပြီလ ၂ ရက်နေ့တွင်မူ ရွှေလူးအိုင်ကျေးရွာသို့ ဦးတည်ပြီး စစ် ကြောင်း တစ်ကြောင်း ခွဲထွက်ထိုးစစ်ဆင်လာကြောင်း၊ ရွှေလူးအိုင်ကျေးရွာအဝင်တွင် ဒေသကာ ကွယ်ရေး အဖွဲ့ဝင်များ ရွာအဝင် ကင်းစောင့်နေစဥ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံခဲ့ရသဖြင့် ရဲဘော် ၃ ဦးကျဆုံးခဲ့ရကြောင်း သိရှိရသည်။

ရွှေလူးအိုင်ကျေးရွာတွင် ဧပြီလ ၂ ရက်နေ့ ကျဆုံးရဲဘော်သုံးဦးမှာ ကိုမိုးဝေအောင် အသက် ၁၉ နှစ်၊ ကိုတက် တူ အသက် ၁၉နှစ် ၊ကိုဖြိုးဝေအောင် အသက် ၂၀ နှစ်တို့ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article