ရန်ကုန်၊ ဧပြီ ၃
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနှင့် တပ်စခန်းများ ဝင်ရောက်တိုက်ခိုက်ခံရကာ စစ်သား ၁၉ဦးသေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
မကွေး၊ ရေစကြို
=========
မကွေးတိုင်း ရေစကြိုမြို့နယ် ရှင်မတောင် တောင်တက်လမ်းပိုင်းတွင် ဧပြီလ ၃ ရက်နေ့ နံနက် ၁ဝနာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ လိုက်ပါ လာသည့် ကား ၁စီး၊ ဆိုင်ကယ် ၃စီးကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့က မိုင်း ၂လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို People Defense Force Yesagyo က ဖောက်ခွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်သား ၃ဦး ပွဲချင်းပြီးသေဆုံးကာ ထိခိုက် ဒဏ်ရာ ရရှိသူများလည်းရှိပြီး အကြမ်းဖက် စစ်တပ်က သေနတ်များဖြင့် ပြန်လည် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
မကွေး၊ မြိုင်မြို့နယ်
===========
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်း – မြိုင်မြို့ လမ်းပိုင်ရှိ ယာကြီးပြင်ရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဧပြီလ ၂ ရက်နေ့ နံနက် ၉နာရီ ၄ဝမိနစ်ခန့်နှင့် ၁၂နာရီ ၃ဝမိနစ်ခန့်တို့တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ စစ်သားများ ထိခိုက် သေဆုံးမှုရှိသော်လည် အရေအတွက် အတည်မပြုနိုင်သေးကြောင်း MVRF တပ်ဖွဲ့ထံမှ သိရသည်။
ဧပြီလ ၂ရက်နေ့ နံနက် ၉နာရီ ၄ဝမိနစ်ခန့်တွင် ရွာသစ်ကြီးရွာနှင့် ဘောင့်ဘင်ရွာ အနီးတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များဖြစ်သည့် Myaing Villages Revolution Front (MVRF)နှင့် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတို့က ပူးပေါင်းကာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ခဲ့တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့ပြင် မွန်းလွဲ ၁၂နာရီ ၃ဝမိနစ်ခန့်တွင်လည် ယာကြီးပြင်ရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို Myaing Villages Revolution Front (MVRF)နှင့် ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတို့က ပူးပေါင်းကာ လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည် အရေအတွက် အတည်မပြုနိုင်သေးကြောင်း MVRF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
မကွေး၊ ရေစကြို
==========
မကွေးတိုင်း ရေစကြိုမြို့နယ် ဆင်ခြေရွာမှ တက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ရှေ့ထွက် မိုင်းများ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ဦး သေဆုံး ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOMထံမှသိရသည်။
ဧပြီလ ၂ရက်နေ့ နံနက်ပိုင်းတွင် ရေစကြိုမြို့နယ် ဆင်ခြေရွာမှ တက်လာသည့် အကြမ်းဖက် စစ်ကောင်စီကို CDSOM အပါအဝင် ဒေသခံ ကာကွယ်ရေး ၂၂ဖွဲ့က ရွှေလံှရွာနှင့် မြစ်ဆုံရွာ အနီးတို့တွင် ရှေ့ထွက်မိုင်းများ ရှော့တိုက် ဒုန်းများဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်သား ၄ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ကချင်
====
ကချင်ပြည်နယ် KIA တပ်မဟာ ၆ နယ်မြေ Munggu Mungbaw Howa Bum အနီးတွင် ဧပြီလ ၃ ရက်နေ့ နံနက် ၈နာရီ ၁၅ မိနစ်တွင် အကြမ်းဖက် စစ်ကောင်စီ အင်အား ၇ဝကျော်ပါ စစ်ကြောင်းကို KIA က ကြားဖြတ် တိုက်ခိုက် ခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ထို့ပြင် Mungbaw နယ်မြေ၊ Hugan ရွာအနီးတွင် မွန်းလွဲ ၂နာရီမှ ကနေ ၃နာရီ ၁၅မိနစ်ခန့်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ကာ စစ်သားများ ထိခိုက် သေဆုံးမှု အခြေအနေနှင့် အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
စစ်ကိုင်း၊ ရွှေဘိုမြို့နယ်
=============
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် တည်သီးတောရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ယနေ့ ဧပြီလ ၃ရက်နေ့တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးကာ ၄ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း C&T SHWEBO တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားသော စခန်းကို C&T SHWEBO, SNAKE EYES PDF ,PEPOLE DEFENCE FORCE SHWEBO, ALPHA-7 ,ဗိုလ်ကျားရိုင်း (ပ.က.ဖ), THE GUYS OF BURMA REVOLUTION FORCE, ဒေါင်းမာန်အဖွဲ့ နှင့် တပ်ပေါင်းစု (၂) တို့မှ သွားရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အလားတူ ဧပြီလ ၂ရက်နေ့၌လည်း ရွှေဘိုမြို့နယ် ဇီးဖြူကုန်းရွာရှိ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို C&T SHWEBO, SNAKE EYES PDF ,PEPOLE DEFENCE FORCE SHWEBO , ALPHA-7 , ဒေါင်းမာန်အဖွဲ့နှင့်တပ်ပေါင်းစု (၂) တို့မှ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ဦးသေဆုံးကာ ၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကိုင်း၊ ကောလင်းမြို့
=============
စစ်ကိုင်းတိုင်း ကောလင်းမြို့ ကျောင်းသစ် ကျောင်းအပေါက်ဝရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဧပြီလ ၂ ရက်နေ့ နံနက် ၇နာရီခန့်တွင် Kawlin Secret Warrior တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးကာ ၃ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း Kawlin Secret Warrior တပ်ဖွဲ့ထံမှ သိရသည်။
စစ်ကိုင်း၊ မြောင်မြို့နယ်
=============
စစ်ကိုင်းတိုင်း မြောင်မြို့နယ် မြစ်ဆုံရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဧပြီလ ၃ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့သောကြောင့် စစ်သား ၇ဦးသေဆုံးခဲ့ကြောင်း CDSOM ထံမှ သိရသည်။
အဆိုပါ မြစ်ဆုံရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် မင်းလှကျေးရွာအနီး ကင်းလှည့်နေစဉ် ဒေသခံကာကွယ်ရေး တပ်ဖွဲ့ ၂၂ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးခဲ့ကာ ကာကွယ်ရေး တပ်ဖွဲ့များက ၆ဝ မမ ဗုံးသီး ၃လုံးနှင့် တပ်ကြပ်ယူနီဖောင်း တစ်ထည် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့သို့ ဗုံးကြဲ တိုက်ခိုက်ခံရသောကြောင့် ဇရပ်နီကျေးရွာသို့ ထွက်ပြေးလာသည့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ကာကွယ်ရေး တပ်ဖွဲ့များက ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယင်းသို့ မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ဇရပ်နီးကျေးရွာမှ ကိုင်းတောထဲသို့ ထွက်ပြေးသွားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ကာကွယ်ရေး တပ်ဖွဲ့များက ရှော့တိုက်ဒုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
Photo – မြောင်တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို CDSOMနှင့် မဟာမိတ် ၂၂ဖွဲ့ တိုက်ခိုက်ခဲ့ပြီး သိမ်းဆည်းရရှိသည့် အကြမ်းဖက် စစ်တပ် တပ်ကြပ် ယူနီဖောင်းနှင့် ၆ဝ မမ ဗုံးသီး