ရန်ကုန်၊ ဧပြီ ၄
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်က ပြည်သူနှစ်ဦးကို ပစ်သတ်ခဲ့ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်က တောင်ပျောက်တိုက်နယ်ကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးဝင်ရောက်နေတာပါ။
ဧပြီလ ၂ ရက်နေ့က မယ်ကဲရွာအနီး ကင်းစောင့်နေတဲ့ ကိုအောင်သန်းဌေးဆိုတဲ့ အမျိုးသားကိုစစ်ကောင်စီတပ်တွေသေနတ်နဲ့ပစ်သတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အဲဒီအပြင် လွန်ခဲ့တဲ့သုံးရက်က အဖမ်းခံခဲ့ရတဲ့ ဦးလင်းမောင်ကို ထွက်ပြေးဖို့ကြိုးစားလို့ဆိုပြီးစစ်ကောင်စီတပ်တွေပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။
ဦးလင်းမောင်ရဲ့အလောင်းကို ဒီနေ့ပြန်တွေ့ခဲ့ရပြီး လက်ထိပ်ခတ်လျက်အနေအထားနဲ့ သေနတ်ဒဏ်ရာတွေနဲ့သေဆုံးနေတာကိုတွေ့ခဲ့ရတယ်လို့ ဒေသသတင်းအမြစ်တွေကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ မယ်ကဲကျေးရွာကနေအိမ်၁ အိမ်၊ ကျောက်အိုင်ရွာက ၁ အိမ်နဲ့ ဝင်းကဖော်ရွာက ၇ အိမ်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဧပြီလ ၂ ရက်နေ့က စစ်ဘေးရှောင်ပြည်သူတွေရှိနိုင်တဲ့ဘက်ကို လက်နက်ကြီးပစ်ခတ်တာတွေပါလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
တောင်ပျောက်တိုက်နယ်၊ ကျောက်အိုင်ရွာက ဦးလင်းမောင်ဟာ လက်ထိပ်ခတ်လျက်အနေအထားနဲ့ စစ်ကောင်စီတပ်သားတွေရဲ့ရိုက်နှက်နှိပ်စက်ပစ်သတ်ခံရပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။
ဦးလင်းမောင်ဟာ တောင်ပျောက်တိုက်နယ်မှာ ဆေးဘက်ဆိုင်ရာကိစ္စတွေကူညီဆောင်ရွက်ပေးနေသူဖြစ်တယ်လို့ ဒေသခံတွေထံကသိရပါတယ်။
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်က တောင်ပျောက်တိုက်နယ်အတွင်းစစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်တွေဟာ ဦးလင်းမောင်ကိုဖမ်းဆီးပြီးသတ်ပစ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဦးလင်းမောင်အပြင် တခြားကျောက်အိုင်ရွာသားတစ်ဦးဖြစ်သူ ကိုအောင်သန်းဌေးကိုလည်းပစ်သတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။