25 C
Yangon

ကော့ကရိတ်၊ တောနော်ရေတံခွန်အနီး စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့တိုက်ပွဲဖြစ်၊ ကုန်တင်ကား ၂ စီး မီးလောင်နေ

Must read

ရန်ကုန်၊ ဧပြီ ၄

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းမ၊ တောနော်ရေတံခွန်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ပူးပေါင်းအဖွဲ့ကြား ယနေ့ ဧပြီလ ၄ ရက် နံနက် ၇ နာရီခန့်တွင် တိုက်ပွဲပြင်းထန်နေကြောင်းနှင့် ဖြတ်သန်းသွားလာသော ကုန်တင်ကား ၂ စီး မီးလောင်နေကြောင်း သတင်းရရှိသည်။

“တိုက်ပွဲလည်း ဖြစ်နေတယ်၊ ဆိပ်ဖူးတောင်ခြေမှာ ကုန်ကား ၂ စီး မီးလောင်နေတယ်။ ဘယ်လို ဖြစ်တာမှန်းတော့ အသေးစိတ် မသိရသေးဘူး၊ ကားတွေ အကုန်ပြန်လှည့်နေရတယ်” ဟု ခရီးသွားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

KNLA ပူးပေါင်းတပ်ဖွဲ့ဝင် ၁ ဦးက တိုက်ပွဲဖြစ်ပွားနေကြောင်း အတည်ပြုပြီး အသေးစိတ် မပြောနိုင်သေးကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။

တောနော်ရေတံခွန်အနီး တိုက်ပွဲဖြစ်ပွားရာ ဒေသသို့ ကော့ကရိတ်အခြေစိုက် ခလရ ၉၇ မှ လက်နက်ကြီးများ တရစပ် ပစ်ခတ်နေကြောင်း ကော့ကရိတ်ဒေသခံများထံမှ သိရှိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား နေရာအနှံ့ တိုက်ပွဲများဖြစ်ပွားနေပြီး ကော့ကရိတ်-မြဝတီ အာရှလမ်းမနှင့် မြဝတီ-ဝေါ်လေ ကားလမ်းများကို ပြည်သူများ အသုံးမပြုကြရန် KNU က စာထုတ် အသိပေးထားသည်။

KNU က စစ်ကောင်စီတပ်များ တပ်မဟာ ၆ နယ်မြေအတွင်းမှ ဆုတ်ခွာသွားရန် ပြောဆိုထားပြီး စစ်ကောင်စီဘက်မှ မဆုတ်ခွာသည့်အပြင် စစ်အင်အားများ တိုးချဲ့လာမှုများကြောင့် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ-ဝေါ်လေ ကားလမ်းတလျှောက်တွင် တိုက်ပွဲများ ရက်ဆက် ဖြစ်ပွားနေသည်။

ဓါတ်ပုံ – အာရှလမ်းမပေါ်တွင် ယနေ့နံနက်၌ ကုန်တင်ကားများ မီးလောင်နေသည်ကို မြင်တွေ့ရစဉ်
Photo – CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article