26 C
Yangon

မတ္တရာမြို့နယ်၊ ဆိတ်သာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ ဝန်းသိုမြို့နယ်၊ မြိုင်ဇေယျာရွာရှိ နေအိမ် ၁ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွား

Must read

မတ္တရာမြို့နယ်၊ ဆိတ်သာရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး၊ ဝန်းသိုမြို့နယ်၊ မြိုင်ဇေယျာရွာရှိ နေအိမ် ၁ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွား

ရန်ကုန်၊ ဇန်နဝါရီ ၁၅

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဆိတ်သာရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း မတ္တရာမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုဘိုတောက်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် မတ္တရာမြို့ဘက်မှ ထွက်ခွာလာသော စစ်ကား ၁ စီးသည် တံငါတောင်ရွာဘုန်ကြီး ကျောင်းထဲ ရောက်ရှိလာပြီး ဆိတ်သာရွာကို လက်နက်ကြီးဖြင့် ၄ ချက် ပစ်ခတ်ခဲ့သောကြောင့် ကျေးရွာနေ ပြည်သူ အသက် ၆၆ အရွယ် အမျိုးသမီး ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လက်နက်ကြီးများဖြင့် ထပ်မံ ရမ်းသမ်း ပစ်ခတ်ခြင်းကြောင် ရေချောင်းပိုရွာ အနောက်ရှိ ငါးကန်တဝိုက်ကိုလည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ မြိုင်ဇေယျာရွာရှိ နေအိမ် ၁ လုံးကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၄ ဦးကို အကြောင်းမဲ့ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဝန်းသိုမြို့နယ် မြိုင်ဇေယျာရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားသော မြိုင်ဇေယျာရွာသား ၄ ဦးမှာ ဦးထွန်းလင်း၊ ဦးမျိုးသူ၊ ဦးကိုကျော်နိုင် နှင့် ဦးကျော်စိုးတို့ ဖြစ်ကြောင်း သိရသည်။

“စစ်ခွေးတွေက ဒီနေ့ ရွာထဲဝင်စီးပြီး ဦးထွန်းလင်းရဲ့ နေအိမ်ကို မီးရှို့တယ်။ ပြီးတော့ ဦးထွန်းလင်းအပါအဝင် ပြည်သူ ၄ ဦးကို အကြောင်းမဲ့ဖမ်းဆီးသွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article