32 C
Yangon

မြိုင်မြို့နယ်တွင် စစ်ကြောင်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ရွာရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

မြိုင်မြို့နယ်တွင် စစ်ကြောင်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ရွာရှိ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဇန်နဝါရီ ၁၈

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ရေစကြိုမြို့နယ် ခလရ ၂၅၈ တပ်ရင်းမှ အကြမ်းဖက် စစ်သားများနှင့် ဇီးတောရွာမှ ပျူစောထီးများ ပါဝင်သော အင်အား ၄၀ ကျော်ပါ စစ်ကြောင်းသည် ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးကာ စစ်ကြောင်းထိုးလာပြီး အရှေ့သဲပုံရွာမှ လင်းကတော ရဲစခန်းကို ဉီးတည် ထွက်ခွာလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပျူစောထီး ၁ ဦးသေဆုံးပြီး ၅ ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“သူတို့တပ်ရင်းရှေ့ဖြတ်တဲ့ပြည်သူတွေနဲ့ ဇီးတောပျူရွာအနီးအနားဖြတ်တဲ့ပြည်သူတွေကို ဖမ်းပြီး လင်းကတောနယ်မြေရဲစခန်းကို ထွက်လာတာ၊ အယောက် ၃၀ ကျော်တယ်၊ အခုထိတော့ ပြန် မလွှတ်သေးဘူး၊ အဲဒီလင်းကတောနယ်မြေရဲစခန်းမှာပဲရှိသေးတယ်၊ ဖမ်းဆီးခံရတဲ့ပြည်သူ တွေကို ရှောင်ကွင်းပြီး စစ်ခွေးတွေကိုပဲ ဦးတည်တိုက်ခိုက်ခဲ့တာပါ၊ ပြည်သူတွေတစ်ဦးတစ်ယောက်မှ ထိခိုက် ဒဏ်ရာရရှိတာမရှိပါဘူး၊ ပျူတစ်ဦးသေတယ်၊ ၅ ဦးထက်မနည်းဒဏ်ရတယ်လို့သိရတယ်” ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် (ပ.က.ဖ)နှင့် ပခုက္ကူခရိုင် တပ်ရင်းအမှတ် ၉ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ သားကျင်ရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ၃ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ငါန်းဇွန်မြို့နယ်ပကဖ) နှင့် ငါန်းဇွန်ပကဖ အဖွဲ့ဝင်များဖြစ်သော ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့၊ 925 ပျောက်ကျားအဖွဲ့၊ TGYR ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့၊ လက်ရုံးပျောက်ကျားအဖွဲ့၊ ငန်းနက် ပျောက်ကျားအဖွဲ့၊ အားမာန်သစ်ပျောက်ကျားအဖွဲ့၊ မြင်းခြံခရိုင်ဒရုန်းအဖွဲ့၊ မြင်းခြံဒေါင်းနီ ပျောက်ကြားအဖွဲ့၊ T.G.R people defence force မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Black Eagle Defence Force – MMU တို့က ပူးပေါင်း လုပ်ဆောင်ရွက်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #925ပျောက်ကျားအဖွဲ့ #TGYRပျောက်ကျားအဖွဲ့ #ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့ #ပြည်တော်ဝင်ပျောက်ကျားအဖွဲ့ #လက်ရုံးပျောက်ကျားအဖွဲ့ #ငန်းနက်ပျောက်ကျားအဖွဲ့ #အားမာန်သစ်ပျောက်ကျားအဖွဲ့ #မြင်းခြံခရိုင်ဒရုန်းအဖွဲ့ #မြင်းခြံဒေါင်းနီပျောက်ကြားအဖွဲ့ #T.G.RPeopleDefenceForce #T.G.R ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ #BlackEagleDefenceForce-MMU

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article