32 C
Yangon

မင်းကင်း၊ မြိုင်၊ အင်းတော်နှင့် ကရင် တပ်မဟာ ၅ နယ်မြေတို့တွင် စစ်ကောင်စီ စစ်ကြောင်း၊ စစ်ကားနှင့် တပ်စွဲထားသော နေရာများ တိုက်ခိုက်ခံရကာ တပ် ရင်းမှူး ၁ ဦးပါအဝင် စစ်သား ၈ ဦးသေဆုံး

Must read

ရန်ကုန်၊ ဧပြီ ၄

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ အင်းတော် စသည့် မြို့နယ်များနှင့် ကရင်ပြည်နယ် တပ်မဟာ ၅နယ်မြေတို့တွင် စစ်ကောင်စီ စစ်ကြောင်း၊ စစ်ကားနှင့် တပ်စွဲထားသော နေရာများ တိုက်ခိုက်ခံရကာ တပ်ရင်းမှူး ၁ ဦးအပါအဝင် စစ်သား ၈ဦးသေဆုံးပြီး စစ်တပ် လက်အောက်ခံ ဝန်ထမ်း ၄ဦးလည်း သေဆုံးခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲများထံမှ သိရသည်။

စစ်ကိုင်း၊ မင်းကင်းမြို့နယ်
===============
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသ ထုံးကြီးကျေးရွာသို့ နယ်မြေရှင်းရန် ဆိုကာ စစ်ကြောင်းထိုး လာသည့် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အဖွဲ့များက တော်လှန်ရေး တပ်ဖွဲ့များက ယနေ့ ဧပြီလ ၄ရက်နေ့ နံနက် ၅နာရီခန့်တွင် စောင့်ကြို တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အင်အား ၅ဝကျော်ပါ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီး အဖွဲ့များကို KLG PDF၊ ရွေသမင်မုဆိုး PDFနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၅ဦးသေဆုံးကာ KLG PDF တပ်ဖွဲ့ဝင် ၁ ဦးလည်း တိုက်ပွဲအတွင်း ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်
============
မကွေးတိုင်း မြိုင်မြို့နယ် အတွင်းရှိ ကိုင်းတောမလမ်းပိုင်း၊ မြိုင်-ဗဟင်းလမ်းပိုင်းနှင့် ဖလံကိုင်းရေနံမြေရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ဧပြီလ ၃ ရက်နေ့တွင် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကာ တပ်ရင်းမှူး ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဧပြီလ ၃ ရက်နေ့တွင် ကိုင်းတောမလမ်းပိုင်း၌ ပျုစောထီး ခေါင်းဆောင်ဆိုသူနှင့် စစ်ကောင်စီ တပ်ဖွဲ့များ လိုက်ပါလာသည့် စစ်ကားကို ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကား ပက်လက်လန်သွားခဲ့ကာ ထိခိုက် သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် မြိုင်-ဗဟင်းလမ်းပိုင်း၌ စစ်ကောင်စီ တပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ မြိုင်မြို့နယ် မြောက်ပိုင်းတွင်လည်း Local PDF များနှင့် မဟာ မိတ်များပူးပေါင်းကာမွန်းလွဲ ၂ နာရီမှ စတင်ကာ ညနေ ၅ နာရီခန့်အထိ စစ်ကောင်စီ များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညနေ ၅နာရီတွင်လည်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဖလံကိုင်းရေနံမြေအား ဝင်ရောက် တိုက်ခိုက်က်ခဲ့ကာ ည၉ နာရီခန့်တွင် စစ်ကောင်စီ FAW ကား၂စီးအား မြေခွေးပြောက် ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်က စစ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်းသော်လည်း ည ၉နာရီတွင် ပြုလုပ်ခဲ့သည့် ဖောက်ခွဲ တိုက်ခိုက်မှု၌ တပ်ရင်းမှူး သေဆုံးခဲ့ကြောင်း သိရသည်။

စစ်ကိုင်း၊ အင်းတော်မြို့နယ်
===============
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် အင်းတော်-နန့်စီးအောင် လမ်းပိုင်း၌ ကုန်ကားများနှင့် ခရီးသွားကားများအား ငွေကြေး ကောက်ခံနေသည့် နတ်မဟုတ်ကြီးရွာအနီးရှိ ဂိတ် ၂ခုကို ဧပြီလ ၃ရက်နေ့တွင် အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဂိတ်ကြေးကောက်ခံနေသည့် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း ၄ဦးသေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

အဆိုပါ ဂိတ်စခန်းရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း ၄ဦးကလည်း ပြန်လည်ခုခံ ပစ်ခတ်ခဲ့ပြီး နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကာ စစ်တပ် လက်အောက်ခံ ဝန်ထမ်း ၄ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်
=========
ကရင်ပြည်နယ် တပ်မဟာ ၅နယ်မြေ အတွင်းရှိ ထီးကဆောမဲ (ဆင်စွယ်) တံတားဝရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်း၊ နိုဃဲကလိုး တံတားတွင် လမ်းကင်း လုံခြုံရေးနှင့် စီဒေးဒေသ၊ ထီးနေးခီးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ကရင့် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA က တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ဦးသေဆုံးသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ဧပြီလ ၂ရက်နေ့ နံနက် ၈နာရီ ၅၂မိနစ်ခန့်တွင် ထီးကဆောမဲ(ဆင်စွယ်) တံတားဝရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းနှင့် နံနက် ၉နာရီ ၁၁ မိနစ်ခန့်တွင် နိုဃဲကလိုး တံတား လမ်းကင်း လုံခြုံရေး ယူနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ KNLA က ပစ်ခတ်တိုက်ခဲ့ပြီး စီဒေးဒေသ ထီးနေးခီးတွင်လည်း ဧပြီလ ၂ ရက်နေ့ နံနက် ၉နာရီ ၂ဝမိနစ်ခန့်၌ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို KNLAက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ကရင်ပြည်နယ် မယ်ဝေ(မဲဝိုင်)ဒေသကေို စစ်လေယာဉ်တစ်စီးဖြင့် ထောက်လှမ်းမှုများ ပြုလုပ်နေကြောင်း ကရင်အမျိုးသား အစည်းအရုံး KNUက ထုတ်ပြန်ထားသည်။

Photo – Agencies

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article