32 C
Yangon

ပဲခူးရိုးမအတွင်းရှိ စစ်တပ် တပ်စွဲထားသော စီဝါးဒိုးသစ်တောရုံးကို PDF ရဲဘော်များက မီးရှို့ရှင်းလင်း၊ စစ်တပ် စစ်ဆေးရေးဂိတ် ၂ ခုကိုလည်း မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးဒဏ်ရာရ

Must read

ပဲခူးရိုးမအတွင်းရှိ စစ်တပ် တပ်စွဲထားသော စီဝါးဒိုးသစ်တောရုံးကို PDF ရဲဘော်များက မီးရှို့ရှင်းလင်း၊ စစ်တပ် စစ်ဆေးရေးဂိတ် ၂ ခုကိုလည်း မိုင်းဆွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၉

ပဲခူးတိုင်း၊ ပဲခူးရိုးမအတွင်းရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော စီဝါးဒိုးသစ်တောရုံးကို PDF ရဲဘော်များက မီးရှို့ရှင်းလင်းခဲ့ကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပဲခူးရိုးမအတွင်းရှိ စီဝါးဒိုးသစ်တောရုံးကို ပဲခူးခရိုင် PDF တပ်ရင်း ၃၇၀၁၊ တပ်ခွဲ ၅ (DDF) က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း ဝင်ရောက် တိုက်ခိုက်မှုအတွင်း သစ်တောရုံးမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စခန်းစွန့်ခွာထွက်ပြေးသွားပြီး စီဝါးဒိုးသစ်တောရုံးကိုလည်း PDF ရဲဘော်များက မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇန်နဝါရီလ ၁၇ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်ခန့်ကလည်း ပဲခူးမြို့နယ်ရှိ ကလိစစ်ဆေးရေးဂိတ်ကို ပဲခူးမြို့နယ်ပကဖနှင့် Dike-U Defence Force (DDF) တို့က မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ဆင်ဖြူကွင်းလမ်းထိပ်၌ ကုန်ကားများကို ပိုက်ဆံကောက်နေသော စစ်ဆေးရေးဂိတ်ကိုလည်း ည ၁၀ နာရီခန့်တွင် တော်လှန်ရေး ရဲဘော်များက မိုင်း ၂ လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်မှု​အတွင်း ကလိစစ်ဆေးရေးဂိတ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၂ ဦးကို မင်္ဂလာဒုံ စစ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article