28 C
Yangon

သထုံမြို့နယ်၊ တက်တူကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ၊ နေအိမ် ၆ လုံးနှင့် စာသင်ကျောင်းဆောင်များလည်း ပျက်စီး

Must read

သထုံမြို့နယ်၊ တက်တူကုန်းရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရ၊ နေအိမ် ၆ လုံးနှင့် စာသင်ကျောင်းဆောင်များလည်း ပျက်စီး

ရန်ကုန်၊ ဇန်နဝါရီ ၂၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တက်တူကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သထုံမြို့နယ်၊ တက်တူကုန်းရွာကို အကြမ်းဖက် စစ်တပ်၏ အမှတ် ၃၁၄ အမြောက်တပ်ရင်း တပ်စခန်းက နံနက် ၁၁ နာရီ ၈ မိနစ်တွင် လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ ကျေးရွာနေ ပြည်သူ စောတင်အုန်း၏ နေအိမ်ခေါင်မိုးအပေါ် လက်နက်ကြီး ကျည် ကျရောက်ခဲ့ကြောင်း၊ နံနက် ၁၁ နာရီ ၁၁ မိနစ်ခန့်တွင် ကျေးရွာနေ ပြည်သူ တီးဖိုးတီ နေအိမ်ရှေ့၌ လက်နက်ကြီး ၁ လုံး ထပ်မံ ကျရောက် ပေါက်ကွဲခဲ့ပြီး လက်နက်ကြီး ကျည်စ ထိမှန်ကာ ပြည်သူ ၄ ဦးသေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျည်စထိမှန်၍ သေဆုံးသူများမှာ တက်တူးကုန်းရွာမှ ယားနော်မူ (ခ) နော်ယဥ်ယဥ်ဌေး အသက် ၄၉ နှစ် နှင့် နော်စန္ဒာ အသက် ၂၂ နှစ်၊ ကြက်ခြေခတ်ရွာနေ နော်ကော်လာမု အသက် ၃၅ နှစ် နှင့် ဒေါက်ရပ်ရွာမှ စစ်ဘေးရှောင်ပြည်သူ ဒေါ်တောသား အသက် ၄၆ နှစ်တို့ ဖြစ်ကြောင်း သိရသည်။

ထိခိုက် ဒဏ်ရာရသူများမှာ တက်တူးကုန်းရွာမှ ဒေါ်ခင်သန်း (ပြင်းထန်ဒဏ်ရာ) အသက် ၆၈ နှစ်၊ မဝါဝါသင်း (ပြင်းထန်ဒဏ်ရာ) အသက် ၂၆ နှစ်၊ မောင်ရဲရင့်နောင် (ပြင်းထန်ဒဏ်ရာ) အသက် ၂ နှစ်၊ ကဒီပုရွာမှ စောမျိုးဇော် (ပြင်းထန်ဒဏ်ရာ) အသက် ၄၃ နှစ်၊ ဒေါ်ခင်ဝင်းလှိုင် (မစိုးရိမ်ရဒဏ်ရာ) အသက် ၄၀ နှစ် နှင့် တောင်စွန်းရွာမှ အသက် ၂၂ နှစ်အရွယ် အမည်မသိ ခရီးသွား ၁ ဦး(မစိုးရိမ်ရ) တို့ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် လူနေအိမ် ၆ လုံး၊ တက်တူ ကုန်းရွာမှ အခြေခံ မူလတန်းကျောင်း အဆောက်အဦး ၂ လုံး၊ ရေစဥ် ၁ လုံးနှင့် နတ်စင် ၁ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article