By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဧပြီ ၅ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ULA/AA ရဲ့ ရခိုင်ပြည်နယ်အတွင်း လုပ်ဆောင်နေတဲ့ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးအပိုင်းတွေမှာ စစ်ကောင်စီက နှောင့်ယှက်မှုတွေကြောင့် တင်းမာမှုရှိလာပြီး တိုက်ပွဲဖြစ်လာနိုင်တယ်လို့ ရက္ခိုင် တပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ကပြောပါတယ်။
-ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာ အင်းကျေးရွာ တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၃ လုံးနဲ့ ဘုန်းကြီးကျောင်း ၁ ဆောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာမ-ကျေးရွာမှာ ဝင်ရောက် စခန်းချ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် နဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က ၄ ဦးခန့် သေဆုံးသွားတဲ့ သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။