35 C
Yangon

ရေလယ်ကျွန်းဒေသရှိ ပြည်သူ ၅ဦးကို စစ်တပ်က ပစ်သတ်ပြီး ရွာ ၇ရွာရှိ ပြည်သူပိုင် နေအိမ် ၈၄လုံး စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဧပြီ ၆

မကွေးတိုင်း ရေလယ်ကျွန်းဒေသရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဧပြီလ ၂ရက်နေ့မှ စတင်ကာ ယနေ့ ဧပြီလ ၆ရက်နေ့ထိ ဝင်ရောက် စီးနင်းနေပြီး ပြည်သူ ၅ဦးကို စစ်တပ်က ပစ်သတ်ကာ ကျေးရွာ ၇ရွာရှိ ပြည်သူပိုင် နေအိမ် ၈၄လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သော Yay Lal Kyun Newsမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။

စစ်တပ် ပစ်သတ်ခဲ့သော ပြည်သူ ၅ဦးမှာ မီးလောင်ကျွန်းကျေးရွာမှ အသက် ၆၂နှစ်အရွယ် ဦးမြင့်၊ ကျောက်ဖူးကျေးရွာမှ အသက် ၄၂နှစ်အရွယ် ဒေါ်စီ၊ မဲကုန်းကျေးရွာမှ အသက်၆၅နှစ်အရွယ် ဦးဉာဏ်ထွန်း၊ ခြံယာကျေးရွာ အသက် ၅ဝနှစ်အရွယ် ဒေါ်မြမွေးနှင့် ငတရော်ကျေးရွာမှ အသက် ၅ဝ အရွယ် ဒေါ်ခင်မာဌေးတို့ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က မီးလောင်ကျွန်းကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၁၀လုံး၊ ဖြုံဘူးကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၅၆လုံး၊ မိဖုရားကျေးရွာရှိ ပြည်သူပိုင် နေမာအိမ် ၂လုံး၊ ဘိုကုန်းကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၁လုံး၊ တောင်ကုန်းကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၇လုံး၊ လှေခုတ်ကျေးရွာရှိ ပြည်သူပိုင် နေအိမ် ၆လုံးနှင့် စာကြည့်တိုက် တစ်ဆောင်၊ ခြံယာ အတွင် လူနေအိမ် ၂လုံးတို့ကို မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ်က ရေလယ်ကျွန်းဒေသရှိ ကျေးရွာများကို လက်ရှိချိန်ထိ လှည့်ပတ် သွားလာနေကာ ဖမ်းဆီးခံထားရသော ပြည်သူများလည်းရှိပြီး အရေအတွက်နှင့် အမည်စာရင်းများ မသိရသေးကြောင်း သိမ်းငှက် ပျောက်ကြားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article