33 C
Yangon

နမ့်ခမ်းတွင် TNLA နှင့် စစ်ကောင်စီလက်ပါးစေ ပန်ဆေးပြည်သူ့စစ်ကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး ပြည်သူ့စစ် ၃ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဧပြီ ၈

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ နောင်အန်ရွာအနီးတွင် ပန်ဆေးပြည်သူ့စစ်တပ်ဖွဲ့များ စီးနင်းလာသော ကား ၁ စီးနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ကြား ယမန်နေ့ ဧပြီလ ၇ ရက် နံနက်ပိုင်းတွင် ထိတွေ့မှုဖြစ်ပြီး ပြည်သူ့စစ်ဘက်မှ ၃ ဦးသေဆုံး၊ ၅ ဦး ဒဏ်ရာရကြောင်း တအာင်းသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ပြည်သူ့စစ်များ စီးနင်းလာသော ကားကို TNLA က စစ်ဆေးရန်ရပ်ခိုင်းရာမှ တဆင့် မရပ်ဘဲ ပစ်ခတ်ထွက်ပြေးသဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ကားပေါ်တွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၁၀ ဦး ပါလာကြောင်း၊ ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိရသည်။

အပြန်အလှန်ပစ်ခတ်မှုတွင် TNLA ဘက်မှ ထိခိုက်ဒဏ်ရာရသူ မရှိဘဲ ရိုင်ဖယ်သေနတ် ၅ လက်၊ စက်လက် ၁ လက်၊ RPG7 ၁ လက် နှင့် ခဲယမ်းများကို TNLA က သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ပန်ဆေးပြည်သူ့စစ်အဖွဲ့ကို ကြံ့ဖွတ်အမတ်ဟောင်း ၁ ဦးဖြစ်သူ ပန်ဆေးကျော်မြင့်က ဦးစီးပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ လက်အောက်ခံအဖွဲ့ဖြစ်သည်။

ဓါတ်ပုံ – ထိတွေ့ပစ်ခတ်မှုအပြီး TNLA က သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့် သေဆုံးဒဏ်ရာရနေသော ပြည်သူ့စစ်များကို ကားအနီးတွင် တွေ့ရစဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article