29 C
Yangon

ရခိုင်ပြည်နယ် တိုက်ပွဲများအတွင်း စစ်ရှုံး၍ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများ စွန့်ပစ်ထားခဲ့သည့် လက်နက်ခဲယမ်းများ လာရောက် အပ်နှံသူများကို ဆုချီးမြှင့်မည်ဟု AA ထုတ်ပြန်

Must read

ရခိုင်ပြည်နယ် တိုက်ပွဲများအတွင်း စစ်ရှုံး၍ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများ စွန့်ပစ်ထားခဲ့သည့် လက်နက်ခဲယမ်းများ လာရောက် အပ်နှံသူများကို ဆုချီးမြှင့်မည်ဟု AA ထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ် တိုက်ပွဲများအတွင်း စစ်ရှုံး၍ ထွက်ပြေး နေသော စစ်ကောင်စီတပ်သားများက လက်နက် ခဲယမ်းများကို တောတောင်၊ လျှိုမြောင်များအတွင်း စွန့်ပစ်ခဲ့ကာ ထွက်ပြေးကြပြီး လက်နက်များကို တွေ့ရှိသူများအနေဖြင့် လာရောက်အပ်နှံကာ ဆုငွေယူကြရန် ရခိုင့်တပ်တော် – AA က ယနေ့ ဖေဖော် ဝါရီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ကစ၍ ရက္ခိုင့်တပ်တော်မှ ရက္ခိုင်ပြည်နယ်နှင့် ပလက်ဝဒေသ အတွင်းရှိ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီ၏ ဗျူဟာ စခန်းကြီးများ၊ တပ်ရင်းဌာနချုပ်၊ တပ်မဌာန ချုပ်၊ နယ်ခြားစောင့်တပ်စခန်းများ၊ ရဲတပ်ရင်းများ၊ ရဲစခန်းများကို တစ်ခုမကျန် တိုက်ခိုက်ချေမှုန်း သွားရန် ရည်မှန်းထားသည့်အတိုင်း စစ်ဘက်၊ ရဲဘက်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင် တိုက် ခိုက်လျက်ရှိရာ ရည်မှန်းထားသည့်အတိုင်း စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက်စခန်းများကိုလည်း တစ် ခု ပြီးတစ်ခု သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်သိမ်းပိုက်မှုများအတွင်း ဖက်ဆစ်ကောင်စီ၏ စစ်သားများ၊ ရဲတပ်သားများသည် ၎င်း တို့၏ စခန်းများကို စွန့်ခွာကာ အိမ်နီးနားချင်းနိုင်ငံများဖြစ်ကြသော အိန္ဒိယနှင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံ များ အတွင်းသို့ လည်းကောင်း၊ ရေကြောင်းတိုက်ပွဲအတွင်း စစ်သင်္ဘော၊ ဇက်သင်္ဘောများပေါ်မှ လည်းကောင်း အသက်လုထွက်ပြေးနေကြရသကဲ့သို့ ရပ်ရွာများ၌ အရပ်ဝတ်များလဲကာ နည်းလမ်း အမျိုးမျိုး ဖြင့် ထွက်ပြေးလျက် ရှိကြောင်း သိရသည်။

ဤကဲ့သို ထွက်ပြေးရာ၌ စစ်ကောင်စီတပ်သားများသည် လက်နက်ခဲယမ်းမီးကျောက်များကို ဖျက် ဆီး၍ လည်းကောင်း၊ ထွက်ပြေးသည့်အချိန်တွင် တစ်ကိုယ်စာယူဆောင်သွားကြသည့် လက်နက် ခဲယမ်းများကို အချိန်ကာလတစ်ခုအတွင်း မသယ်ဆောင်နိုင်တော့သဖြင့် တောတောင်၊ ချောင်း မြောင်း၊ လျှိုမြောင်တို့၌ လွှင့်ပစ်၍လည်းကောင်း၊ မြေကြီးထဲမြှုပ်နှံ၍လည်းကောင်း ထားခဲ့ကြသည် ကို မိမိတို ဖမ်းဆီးထားသော သုံပန်းများနှင့် ရှာဖွေရရှိသော မြေပြင်ပကတိ အခြေအနေများအရ သိရှိရ ကြောင်း ရခိုင့်တပ်တော် – AA က ထုတ်ပြန်ထားသည်။

ထွက်ပြေးလွတ်မြောက်သွားသည့် ထောင်ဂဏန်းနီးပါး စစ်ပြေး၊ ရဲပြေးများမှ လွှင့်ပစ်ထားခဲ့သော လက်နက်ခဲယမ်းများကို ရက္ခိုင့်တပ်တော်မှ လိုက်လံရှာဖွေ၍ တွေ့ရှိထားသည်များလည်း ရှိပြီး ရှာဖွေ မတွေ့သေး၍ ကျန်ရှိနေသေးသော လက်နက်ခဲယမ်းများလည်း ရှိနေနိုင်ကြောင်း အသိပေးထား သည်။

သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်ကောင်စီတပ်သားများ စွန့်ပစ်ထားခဲ့သော လက်နက်ခဲယမ်းများကို မည် သူ မဆို တွေ့ရှိပါက နီးစပ်ရာရက္ခိုင့်တပ်တော် စခန်းများတွင်လည်းကောင်း အာရက္ခပြည်သူ့အစိုးရ ၏ အုပ်ချုပ်ရေးမှူး၊ နယ်မြေမှူးများထံတွင် လည်းကောင်း အပ်နှံကာ လက်နက်ခဲယမ်း အဆိုး၊ အ ကောင်း အပေါ်မူတည်၍ ထိုက်သင့်သော ဆုငွေများကို ချက်ချင်း ထုတ်ယူကြရန် ရခိုင့်တပ်တော် – AA က ထုတ်ပြန်အသိပေးထားသည်။

ရခိုင့်တပ်တော် ထိန်းချုပ်ရာနယ်မြေများ၌ သာမန်အရပ်သားပြည်သူများအား လက်နက်ခဲယမ်း ကိုင် ဆောင်ခြင်း၊ ရောင်းဝယ်ခြင်းများကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း၊ လက်နက်ကိုင်ဆောင် ထားသူ များအနေဖြင့် ယခု ထုတ်ပြန်ချက်ထုတ်သည့်နေ့မှ တစ်ပတ်အတွင်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်နေ့၊ ည (၁၂) နာရီ နောက်ဆုံးထားကာ အပ်နှံကြရန်နှင့် အကယ်၍ သတ်မှတ်ထားသည့် ရက် အတွင်း လာရောက်အပ်နှံခြင်းမရှိဘဲ ဖုံးဝှက်ထားသည်များကို စစ်ဆေးတွေ့ရှိပါက ပြင်းပြင်းထန်ထန် ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အထူးသတိပေး ထုတ်ပြန်ထား သည်။

အလားတူ လက်ကျန်အကြမ်းဖက်စစ်ကောင်စီတပ် စခန်းများကိုလည်း ဆက်လက် ထိုးစစ်ဆင်တိုက် ခိုက်သွားမည်ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article