25 C
Yangon

ပခုက္ကူမြို့နယ်၊ အင်ပင်ဂိတ်၊ ကျပ်ထိုးနယ်မြေရဲစခန်းနှင့် စက်မှုဇုန်ဂိတ်ရှိ စစ်သားများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်

Must read

ပခုက္ကူမြို့နယ်၊ အင်ပင်ဂိတ်၊ ကျပ်ထိုးနယ်မြေရဲစခန်းနှင့် စက်မှုဇုန်ဂိတ်ရှိ စစ်သားများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ဂိတ်နှင့် ကျပ်ထိုးနယ်မြေရဲစခန်းရှိ စစ်ကောင်စီတပ်သားများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ သ တင်းနှင့်ပြန်ကြားရေး တာဝန်ခံကို ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက် ညနေ ၂ နာရီဝန်းကျင်ခန့်က ပခုက္ကူမြို့နယ်၊ အင်ပင်ဂိတ်ရှိ အ ကြမ်းဖက်စစ်ကောင်စီတပ်သားများကို RC Plane များဖြင့် ဗုံးသီး ၈ လုံးထက်မနည်း၊ ကျပ်ထိုးနယ် မြေရဲစခန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ၆၀ မမ လက်နက်ကြီးအလုံးရေ ၇၀ ခန့် နှင့် အီနာဂါဗုံးသီး ၁၀ လုံးခန့်တို့ကို ဗုံးကျဲ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“တပြိုင်နက်တည်း တိုက်ခိုက်ခဲ့တာပါ၊ တနေရာနဲ့တနေရာက အချိန်သိပ်မကွာဘူး၊ ကျနော်တို့ဘက် က ပစ်ခတ်တဲ့လက်နက်ကြီးတွေ၊ ဗုံးသီးတွေကတော့ သူတို့ စခန်းဝန်းတွေထဲကျတယ်၊ ထိခိုက်မှု တော့ရှိနိုင်တယ်၊ အတိအကျတော့မသိရသေးဘူး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပြီး ပြန်ပစ်တာမျိုး တော့ရှိပါတယ်” ဟု Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကို ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုများကို Earthquake People’s Defence Force ၊ Pakokku People’s Defense Force၊ မြနန္ဒာ Drone Force(မန္တလေး) ၊ ပခုက္ကူမြိုနယ် (ပလဖ)နှင့် ပခုက္ကူမြိုနယ် ပ.က.ဖ တပ်ခွဲ ၂

တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန် လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ပခုက္ကူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ တပ်စွဲထားရာ စက်မှုဇုန်ဂိတ်ကို ဗုံးသီး ၈ လုံးထက်မနည်း ကျဲချတိုက်ခိုက်ခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက် နံနက်ပိုင်းက ပခုက္ကူမြိုနယ်ရှိ စစ်ကောင်စီတပ်စွဲနေထိုင်သော စက်မှု ဇုန်ဂိတ်ကို RC Plane များဖြင့် ဗုံးသီး ၈ လုံး ထက်မနည်း ကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်စွဲထား သော ဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲမှုရှိခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်း နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Earthquake People’s Defence Force၊ Pakokku People’s Defense Force၊ မြနန္ဒာ Drone Force(မန္တလေး) ၊ ပခုက္ကူမြို့နယ် (ပလဖ)၊ ပခုက္ကူခရိုင် (ပလဖ)၊ မြောင် (ပလဖ)၊ ပခုက္ကူမြို့နယ် ပ.က.ဖ တပ်ခွဲ ၂ မှ Shwe Nyar Myae People Defense Force ၊ PKU Ranger ၊ Thurain TR နှင့် Young Force – UG အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article