25 C
Yangon

ထိုင်းနိုင်ငံသို့ ဗီဇာလျှောက်ထားသူ အရေအတွက်များပြားလွန်းသဖြင့် တစ်ရက်လျှင် လူဦးရေ ၄၀၀ သာ လက်ခံမည့် စည်းကမ်းချက် အသစ်ထုတ်ပြန်

Must read

ထိုင်းနိုင်ငံသို့ ဗီဇာလျှောက်ထားသူ အရေအတွက်များပြားလွန်းသဖြင့် တစ်ရက်လျှင် လူဦးရေ ၄၀၀ သာ လက်ခံမည့် စည်းကမ်းချက် အသစ်ထုတ်ပြန်

■ ထိုင်းဗီဇာလျှောက်ထားရာတွင် လူကိုယ်တိုင်လျှောက်ထားရမည်ဖြစ်ပြီး တိုကင်စနစ်ဖြင့် တန်းစီလျှောက်ထားရမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွားရောက်ရန် ဗီဇာလျှောက်ထားသူ အရေအတွက်များပြားလွန်းသဖြင့် တစ်ရက်လျှင် လူဦးရေ ၄၀၀ သာ လက်ခံမည့် စည်းကမ်းချက် အသစ်ကို ရန်ကုန်အခြေစိုက် ထိုင်းနိုင်ငံသံရုံးက ယမန်နေ့ ထုတ်ပြန်လိုက် သည်။

ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားသူ အရေအတွက် များပြား လွန်းနေသဖြင့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်၍ စည်းကမ်းချက်အသစ်ကို ထုတ်ပြန်လိုက်ကြောင်း၊ တစ်ရက်လျှင် ဗီဇာလျှောက်ထားသူ အရေအတွက် လူဦးရေ ၄၀၀ သာ လက်ခံမည်ဖြစ်ကြောင်း၊ ဗီဇာလျှောက် ထားသူများကို တန်းစီစနစ် ကျင့်သုံးမည်ဖြစ်၍ တိုကင်နံပါတ်ကို ရုံးဖွင့်ချိန်မတိုင်မီ နံနက် ၈ နာရီ ၃၀ မှစတင်၍ ပေးဝေမည်ဖြစ်ကြောင်း၊ လူကိုယ်တိုင်၊ နိုင်ငံကူးလက်မှတ်နှင့်တကွ လျှောက်ထားရမည်ဖြစ်ပြီး နံနက် ၉ နာရီမှစတင်၍ ဗီဇာလျှောက်လွှာများကို လက်ခံ မည်ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးမည်ဟု ကြေညာပြီးနောက် ပြည်တွင်းမှ လူငယ်အများအပြား ပြည်ပနိုင်ငံများသို့ ထွက်ခွာမှုများ အလွန်များပြားနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article