29 C
Yangon

Khit Thit သတင်းဌာန၏ ဧပြီ ၉ ရက်နေ့ နေ့လည်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဧပြီ ၉ ရက် နေ့လည်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-အကြမ်းဖက်စစ်ကောင်စီက စီမံခန့်ခွဲနေတဲ့ စည်ပင်ပိုင် ရန်ကုန်မြို့တော်ဂေါက်ကွင်းကို ဒီကနေ့ မနက် ၇ နာရီဝန်းကျင်လောက်က ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ်တိုက်ခိုက်လို့ လူ ၁ ဦး ထိခိုက်မှုရှိခဲ့ပါတယ်။
– ကရင်ပြည်နယ်၊ သံတောင်-သံတောင်ကြီးလမ်းပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရိက္ခာတင်ယာဉ် တန်းကို KNLA ပူးပေါင်းအဖွဲ့က ဧပြီလ ၈ ရက်နေ့ မနေ့က နေ့လယ်ပိုင်းမှာ မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက် လိုက်ပါတယ်။
– တနင်္သာရီတိုင်း ထားဝယ်မြို့မှာ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တွေက ဒေသခံပြည်သူ ၈ဦးကို အကြောင်းမဲ့ ဖမ်းဆီးပြီး CDM ရဲတပ်သား ၁ဦးလည်း ဖမ်းဆီးခံရတယ်လို့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။
– မန္တလေးမှာ မနေ့က လူငယ် ၂ ဦးကို စစ်တပ်က ပစ်သတ်လိုက်ပြီး PDF လူငယ်တစ်ဦးကိုလည်း ထောင်ချောက်ဆင် ဖမ်းဆီးသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article