ဟိုပုံးမြို့နယ် မဲနယ်တောင်ရှိ ဒေသနေ ပြည်သူများ အသုံးပြုနေသော လမ်းပိုင်းကို စစ်တပ်နှင့် ပြည်သူ့စစ်များက မြေတူးစက်များဖြင့် ဖျက်ဆီး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နယ် မဲနယ်တောင်ရှိ ဒေသနေ ပြည်သူများ အသုံးပြုနေသော လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ်များက မြေတူးစက်များဖြင့် ဖျက်ဆီးခဲ့ကြောင်း PNLA ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဟိုပုံးမြို့နယ် မဲနယ်တောင်ရှိ ဒေသနေ ပြည်သူများ အသုံးပြုနေသည့် လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့စစ်များက မြေတူးစက်များဖြင့် ဖျက်ဆီးခဲ့သောကြောင့် ပြည်သူများ သွားလာရေး အခက်အခဲဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ ပြည်သူ့စစ်များ ဖျက်ဆီးခဲ့သော လမ်းပိုင်းကို ယာယီသွားလာနိုင်ရန် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က ပြန်လည် ပြင်ဆင်ပေးခဲ့ကြောင်း သိရှိရသည်။