29 C
Yangon

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီး ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အမျိုးသမီး ၁ ဦးသေဆုံးကြောင်း KNU က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ် အချိန် အကြမ်း ဖက် စစ်ကောင်စီတပ်၏ ဝယ်ကလီ အမြောက်တပ် ၃၁၅ တပ်ရင်းက ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဒရုန်းဖြင့် ဗုံးကျဲပစ်ခတ်ရာ လို့ရှားကျေးရွာနေ အသက် ၅၃ နှစ်အရွယ်ရှိ နော်ကော့ကော် ဦးခေါင်းတွင် ဗုံးကျည် ထိမှန် ဒဏ်ရာဖြင့် သေဆုံး သွားခဲ့ ရကြောင်း သိရှိရသည်။

ထို့အတူ ဝယ်ကလီ အမြောက်တပ် ၃၁၅ တပ်ရင်းက ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ် အချိန်

ဒရုန်းဖြင့် ထပ်မံ၍ ဗုံးကျဲပစ်ခတ်ရာ ကြာအင်းဆိပ်ကြီးမြို့နယ်၊ စံပြကျေးရွာ နော်ဆာ့ဘေး၏ ရော်ဘာခြံသို့ ကျရောက်ပေါက်ကွဲပြီး ၎င်းဒရုန်းဗုံး ကျရောက်ပေါက်ကွဲမှုကြောင့် နော်ဆာ့ဘေးမှာ ဆီးခုံ ဗုံးကျည်ထိမှန် မစိုးရိမ် ဒဏ်ရာရခဲ့ကြောင်း၊ ထိုဗုံးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နော်တာ့ဘေး၏ ကွမ်းသီးပင် ခန့်မှန်း ၅၀ ပင် နှင့် ရော်ဘာပင် ခန့်မှန်း ၅၀ ပင် သည်လည်း ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ပဲခူးတိုင်းအုတ်တွင်းမြို့နယ် ရေအိုးစဥ်ကျေးရွာ အုပ်စု၊ သောင်ပုရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ လူငယ် ၂ ဦး ခြေထောက်တွင် ကျည်ထိမှန် ဒဏ်ရာရရှိကြောင်း ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

“မနေ့ည ၇ နာရီ ၃၀ မိနစ်အချိန်မှာ စစ်တပ်လက်နက်ကြီးရမ်းသမ်းပစ်လို့ အုတ်တွင်းမြို့နယ်သောင်ပုကျေးရွာမှလူငယ် ၂ ဦး ထိမှန်ဒဏ်ရာရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းလင်းပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article