ရန်ကုန်၊ ဧပြီ ၁၁
မော်လမြိုင်၊ တန့်ဆည်၊ ဖားကန့်နှင့် မန္တလေးတိုင်း၊ ငါန်းဇွန်းတို့တွင် စစ်ကောင် စီတပ်များကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး စစ်သား ၁၃ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရှိရသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကျိုက္ခမီလမ်းမကြီးပေါ်ရှိ စစ်ကောင်စီတပ် အမှတ် (၅၆၅) တပ်ထိန်းတပ်ကို မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ နံနက် နက် ၄ နာရီ ၄၀ ခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အဆိုပါ ဒီဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး သေဆုံးကာ အများအပြား ဒဏ် ရာရရှိခဲ့ကြောင်း၊ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်းတန့်ဆည်မြိုနယ် မူးခွရွာနှင့် ထန်းပင်ဆိပ်ရွာကြားတွင် ဧပြီလ ၁၀ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်မှ ည ၁၁ နာရီ ၃၀ မိနစ်အထိ စစ်ကောင် စီတပ်များနှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၁ ဦးသေဆုံးကြောင်း၊ စစ်တပ်က တပ်စွဲထားသည့် မူးခွရွာအတွင်းမှ ထန်းပင်ဆိပ်ဘက်သို့ လက်နက်ကြီးဖြင့် ထုရာမှ တိုက်ပွဲစတင်ခြင်းဖြစ်ပြီး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ တန့်ဆည်PDF တပ်ရင်း၆၊၇ နှင့် TPCတို ပူးပေါင်းပြီး တိုက်ပွဲဝင်ခဲ့ကြကြောင်း သိရှိရသည်။
အလားတူ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ရေဆင်းကျေးရွာအုပ်စု၊ ကံသာကျေးရွာ၊ မြောက်ဘက်ရှိ စစ်အုပ်စုပိုင် Mytel ဆက်သွယ်ရေးတာဝါတိုင်ကိုဧပြီလ ၁၀ ရက်နေ့ ညသန်းခေါင်ယံအချိန် မိုင်းခွဲတိုက်ခိုက်ပြီး မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM ၊ နောင်ရိုးအထူးပြောက်ကျားတပ်(NYSGF) တို့ပူးပေါင်းပြီး ဖောက်ခွဲခြင်းဖြစ်ကြောင်း သိရှိရသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင်လည်း ဧပြီ ၁၀ ရက်နေ့ ည ၁၀ နာရီခန့်အချိန် ဖားကန့်ဥရုရတနာ ကျောက်စိမ်း တံတားထိပ်ရှိ စစ်ကောင်စီ လုံခြုံရေး ဂိတ် အနီး ဗုံး တစ်လုံး ပေါက် ကွဲခဲ့ကြောင်း၊ ဗုံးကွဲပြီးနောက် စစ်ကောင်စီ တပ် ဖွဲ့ဝင်များ သေနတ် ၁၀ ချက် ခန့် ပစ်ခတ်ခဲ့ပြီး ဗုံးကွဲမှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကိုင်းတိုင်းသို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)