24 C
Yangon

ရန်ကုန်ရှိ စစ်ကောင်စီသင်္ကြန်မဏ္ဍပ်၂ ခုကို ရန်သူလာတိုက်မည့် ခံတပ်များ သ ဖွယ် လုံခြုံရေးပေးထားရ၊ ရန်ကုန်မြို့လယ် မြို့တော်ဝန်မဏ္ဍပ်အတွက် လမ်း များပိတ်ဆို့ထား၊ တိုက်ခိုက်မှုများကို ကြောက်လန့်၍ တံခါးပိတ် သင်္ကြန်အဖြစ် ကျင်းပမည်ဟုဆို

Must read

ရန်ကုန်၊ ဧပြီ ၁၂

ရန်ကုန်တွင် စစ်ကောင်စီက တည်ဆောက်ထားသော သင်္ကြန်မဏ္ဍပ် ၂ ခုကို ရန်သူလာတိုက်မည့် ခံတပ်များသဖွယ် လုံခြုံရေးပေးထားရကြောင်း စစ်တပ်နှင့် ရဲသတင်းရပ်ကွက်များထံမှ သိရှိရသည်။

ရန်ကုန်တိုင်းအစိုးရရုံးရှေ့ ပြည်သူ့ရင်ပြင်တွင် တည်ဆောက်ထားသော သင်္ကြန် မဏ္ဍပ် အတွက် ရဲနှင့်စစ်တပ် အင်အား ၂၀ ဝန်းကျင်နှင့် စစ်ကားတစ်စီး၊ ရန်ကုန် မြို့တော်ခန်းမ ရှေ့ရှိ ရန်ကုန်မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်ကို စစ်ကား၊ ရဲကား ၄ စီးဖြင့် အင်အား ၅၀ ဖြင့်လည်းကောင်း လုံခြုံရေး တင်းကျပ် ထား ကြောင်း သိရှိရသည်။

ရန်ကုန်မြို့တော်ဝန် သင်္ကြန်မဏ္ဍပ်လုံခြုံရေးအတွက် ရွှေဘုံသာလမ်းမှ ပန်းဆိုး တန်း အထိလမ်းကောင်း၊ ဆာကူတာဝါမှ ဆူးလေဘုရားအထိလည်းကောင်း လမ်းများအားလုံးကို ပိတ်ဆို့ထားကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

အကြမ်းဖက် စစ်ကောင်စီက မူလက သင်္ကြန်မဏ္ဍပ်နှင့် လမ်းလျှောက် သင်္ကြန် များကို လုံခြုံရေးမထားဘဲ ပြုလုပ်ရန်စီစဉ်ခဲ့သော်လည်း ယခုနောက်ပိုင်း တိုက် ခိုက်မှုများကြောင့် ၎င်းတို့မိသားစုအသိုင်းအဝိုင်းနှင့် ဝန်ထမ်းများ ပါဝင် နိုင် သော တံခါးပိတ် သင်္ကြန်အဖြစ် သာ ကျင်းပမည်ဖြစ်ကြောင်း သိရှိရသည်။

“အပြင်လူ ပေးမဝင်တော့ဘူး။ ဝန်ထမ်းနဲ့ မှတ်ပုံတင်ထားတဲ့ သူတွေလောက်ပဲ ခွင့်ပြုမယ်။ ရေပက်ခံကားဆိုရင်လည်း မိုင်းရှာမယ်။ ဗုံးရှာမယ်။လ က်နက်ရှိ၊ မရှိ ရှာမယ်။ အဲဒါတွေကို ဖြတ်သန်းပြီးမှ ရေပက်ခံဝင်လို့ရမယ်။ အဲဒီလို အစီ အမံတွေ ရှိပါတယ်။ ဓာတ်ပုံရိုက်တာကိုလည်း ခွင့်ပြုထားတဲ့ ဌာနဆိုင်ရာနဲ့ မီဒီယာကလွဲရင် ဘယ်သူမှ ဖုန်းနဲ့ ကင်မရာနဲ့ ရိုက်တာမျိုး ခွင့်မပြုဘူး။ ခွင့်ပြု ချက်မရှိဘဲ ဓာတ်ပုံရိုက်ရင်လည်း ဖမ်းဆီးစစ်ဆေးဖို့ရှိပါတယ်”ဟု ရဲသတင်း ရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ရန်ကုန်တိုင်းအတွင်းတွင် စစ်ကောင်စီက ဝန်ထမ်းများကို မြို့တော်ဝန် မဏ္ဍပ် နှင့် ပြည်သူ့ရင်ပြင်မဏ္ဍပ်များတွင် မဖြစ်မနေ တာဝန်အရ ရေလာ ကစား ကြ ရန် နှင့် ရေပက်ခံကြရန် အမိန့်ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article