လောင်းလုံးမြို့နယ်တွင် ကျေးရွာတစ်ရွာတွင် ကျောင်းသားကျောင်းသူများအတွက် စာအုပ်နှင့်ခဲတံများ လှူဒါန်းပွဲပြုလုပ်
ရန်ကုန်၊ မတ် ၁၄
ထားဝယ်ခရိုင်၊လောင်းလုံးမြိုနယ်အတွင်း ကျေးရွာတစ်ရွာရှိ ရပ်ရွာအခြေပြုပညာရေးကျောင်းမှ ကျောင်းသားကျောင်းသူများကို လောင်းလုံးမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (LBESU)၊ အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ(BESSC)က ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ခဲဖျက် စသည့် သင်ထောက်ကူများကို မတ် ၁၄ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။