25 C
Yangon

မုံရွာမြို့အနီးရှိ လယ်ဇင်ရွာနှင့် သက္ကယ်ကျင်းရွာကို စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးနေပြီး မုံရွာမြို့ပေါ်ကို မီးခိုးများ ဖုံးလွှမ်းနေ

Must read

မုံရွာမြို့အနီးရှိ လယ်ဇင်ရွာနှင့် သက္ကယ်ကျင်းရွာကို စစ်တပ်က အကြောင်းမဲ့ မီးရှို့ဖျက်ဆီးနေပြီး မုံရွာမြို့ပေါ်ကို မီးခိုးများ ဖုံးလွှမ်းနေ

ရန်ကုန်၊ မတ် ၁၄

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီးရှိ လယ်ဇင်ရွာနှင့် သက္ကယ်ကျင်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးနေပြီး မုံရွာမြို့ပေါ်ကိုလည်း မီးခိုးများ ဖုံးလွှမ်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က စတင်၍ ရွာထောင်ရွာနှင့် မအူဂိတ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မုံရွာမြို့အနီးရှိ လယ်ဇင်ရွာနှင့် သက္ကယ်ကျင်းရွာကို အကြောင်းမဲ့ ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီး နေခြင်းဖြစ်ကြောင်း သိရသည်။

“ရဲခွေး စစ်ခွေးတွေက ခွေးဘီလူးကား ၂ စီးနဲ့ လာရှို့တာ ယခု ၇ နာရီဝန်းကျင်အထိ လောင်နေဆဲပါ။ အခုတော့ ၅ မိနစ်တစ်ကြိမ်လောက် ပေါက်ကွဲသံကြီးတွေ ကြားရတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး မီးခိုးများသည် မုံရွာမြို့ပေါ် ရပ်ကွက်များအထိ ဖုံးလွှမ်းနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“စက်မှုဇုံနဲ့ မလှမ်မကမ်းမှာရှိတဲ့ သက္ကယ်ကျင်းရွာကို မီးရှို့နေတာပါ။ မီးအားအတော်များပါတယ်။ အခုထိ စစ်ခွေးတွေက မထွက်သေးဘူး။ ရွာထောင်ရွာမှာ တပ်စွဲထားတဲ့ ခွေးတွေရော မအူဂိတ်မှာ တပ်စွဲထားတဲ့ ခွေးတွေရောပဲ မီးအားက မထိန်းနိုင်တော့ဘူး။ ဘာတိုက်ပွဲမှမရှိဘဲနဲ့ ဝင်ပြီးမီးရှို့တာ အခုတော့ ကျွန်တော်တို့ အနောက်လွင်ပြင်အပါအဝင် နှစ်ဖက်တပ်တွေ ဆိုင်ထားကြတယ်၊ ညပိုင်းကျရင်တော့ ဘာဆက်ဖြစ်မယ်မသိသေးဘူး” ဟု Northwest Plains Revolutionary Force – NPRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article