33 C
Yangon

ကလေးမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျဉ်းခုံကြီးကျေးရွာမှ ပြည်သူ ၃ ဦးသေဆုံး၊ ပျဉ်းခုံလေးကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးကလေးမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျဉ်းခုံကြီးကျေးရွာမှ ပြည်သူ ၃ ဦးသေဆုံး၊ ပျဉ်းခုံလေးကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ကလေးမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပျဉ်းခုံကြီးကျေးရွာမှ ပြည်သူ ၃ ဦးသေဆုံး၊ ပျဉ်းခုံလေးကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မတ် ၂၁

စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်းရှိ ပျဥ်းခုံလေးရွာကို မတ် ၁၉ ရက်နေ့မှစတင်၍ ယမန်နေ့အထိ စစ်တပ်က မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူတွေက ပြောဆိုပါတယ်။

မတ်လ ၂၀ ရက်နေ့မှာလည်း စစ်တပ်က လက်နက်ကြီးတွေနဲ့ မြို့ပေါ်ကနေ တရစပ်ပစ်ခတ်နေတာကြောင့် ပျဥ်းခုံကြီးကျေးရွာမှ အရပ်သား ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ကလေးငယ်တွေအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

” ပျဥ်းခုံလေးကိုက တိုက်ပွဲလည်းမဖြစ်ဘူး။ ဘာမှမဆိုင်ဘဲ မီးရှို့တာ။ မတ်လ ၁၉ ရက်နေ့ကရှို့တာ ညအထိ။ မနေ့မနက်လည်း ထပ်ရှို့တာ လောင်တုန်းပဲ။ ရွာတဝက်ကျော်လောက်တော့အနည်းဆုံးပါသွားပြီ။ စပါးအပြည့်နဲ့စပါးတိုက်တွေရောပါတယ်” လို့ ကလေးမြို့ မြောက်ပိုင်းဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်က ပျဥ်းခုံလေးရွာကိုမီးရှို့ဖျက်ဆီးနေတာအပြင် မြို့ပေါ်ကနေ နေ့ရော၊ညပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ပါတယ်။

မတ်လ ၂၀ရက်နေ့ မနက် ၇ နာရီဝန်းကျင်အချိန် စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်က ပျဥ်းခုံကြီးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့်အသက် ၅၀ ကျော်အမျိုးသားနှစ်ဦးနှင့် အသက်သုံးဆယ်ကျော်အမျိုးသားတစ်ဦးပွဲချင်းသေဆုံးခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် ကလေးသူငယ်တွေအပါအဝင် ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ကလေးမြို့ဝန်းကျင်မှာ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ နေ့ရော ညပါ ပစ်ခတ်နေတာကြောင့် ဒေသခံထောင်ချီပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

(မျက်မှောက်ခေတ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article