25 C
Yangon

လေးကေ့ကော်ကို ထိုးစစ်ဆင်ပြီး ထွက်ပြေး ဆုတ်ခွာသွားသော အကြမ်းဖက်စစ်တပ်၏ စစ်လက်နက်အသုံးအဆောင်များ ထပ်မံ သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဧပြီ ၁၅

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊လေးကေ့ကော်တွင် KNLA နှင့် PDF ပူးပေါင်းတပ်များကို ထိုးစစ်ဆင်ပြီး ထွက်ပြေး ဆုတ်ခွာသွားသော အကြမ်းဖက်စစ် တပ် ၏ စစ်လက်နက်အသုံးအဆောင်များကို ယနေ့တွင် ထပ်မံ သိမ်းဆည်းရမိကြောင်း ကော်ဘရာ စစ်ကြောင်း က သတင်းထုတ်ပြန်သည်။

ကော်ဘရာစစ်ကြောင်းက လုံခြုံရေးယူထားသော လေးကေကော်ဒေသရှိ တောင်ကုန်းများပေါ်သို့ အကြမ်းဖက်စစ်ကောင်စီက ကျူးကျော်ရန် ကြိုးစားခဲ့ရာမှ ယမန်နေ့ည (၁၁) နာရီခန့်မှ ယနေ့ နံနက် (၃)နာရီခွဲခန့် အချိန်အထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း၊ ကော်ဘရာစစ်ကြောင်းက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ ကနေဦး သိမ်းဆည်းရမိသော စစ် လက်နက်၊ အသုံးအဆောင်များကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ၊ယနေ့ညနေပိုင်းတွင် လက်နက်များ ထပ်မံ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ထပ်မံ သိမ်းဆည်းရမိသော လက်နက်များမှာ ၆၀ မမ ဗုံးသီး ၁၈ လုံး၊ ၈၁ မမ ၁ လုံး၊ RPG ၄ လုံး၊ ပို့ယမ်း ၃ ထုပ်၊ 5.56 ကျည် ၃၀၀ တောင့်၊ 7.62 စနိုက်ပါကျည် ၁၀၀ တောင့်၊ ခြေနင်းမိုင်း ၁ လုံး၊ MA 1 ကျည်အိမ် ၉ ခု ထပ်မံ သိမ်းဆည်း ရမိကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article