ရန်ကုန်၊ ဧပြီ ၁၆
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး နှင်းဆီရောင် အမျိုးသမီးများ သမဂ္ဂမှ ဦးဆောင်ကာ လောင်းလုံးမြို့နယ်လုံးဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂ၊ LGBTနဲ့ လူငယ်အချို့ ယနေ့ ဧပြီလ ၁၆ ရက် သင်္ကြန်အတက်နေ့တွင် ချီတက်ဆန္ဒပြကြသည်။