ရန်ကုန်၊ ဧပြီ ၂၅
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အင်္ဂဘိုကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား ယနေ့ ဧပြီလ ၂၅ ရက် နံနက် ၇ နာရီခွဲခန့်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦး ထက်မနည်းသေဆုံးကာ ၆ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။
သေဆုံးစစ်သားများကို ကျိုက်ထိုမြို့ဘက်သို့ သယ်ဆောင်သွားပြီး ထိခိုက်ဒဏ်ရာရ စစ်သားများကို သိမ်ဇရပ်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း၊ KNLA ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။
အင်္ဂဘိုကျေးရွာသည် ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင်ရှိပြီး မုပ္ပလင်ကျေးရွာနှင့် ကျိုက်ထိုမြို့ကြားတွင် တည်ရှိသည်။
ဓါတ်ပုံ – KNLA တပ်ဖွဲ့ဝင်များ



