25 C
Yangon

ကလေးတောင်ပိုင်း၊ ချောင်းခွကျေးရွာကို မီးရှို့နေသော စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပြီး စစ်သား သေဆုံးမှုများ

Must read

ရန်ကုန်၊ ဧပြီ ၂၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ချောင်းခွကျေးရွာကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များကြား ယနေ့ ဧပြီလ ၂၅ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်မှု များပြားကြောင်း VAKOK (CNDF) တပ်ဖွဲ့ထံမှ သိရှိရသည်။

“၁၂ နာရီလောက်မှာ တိုက်ပွဲဖြစ်တယ်။ ကျနော်တို့ VAKOK (CNDF) ရယ်၊ ပ.က.ဖ ရယ်၊ RKDF ကလည်း စစ်ကူလာတယ်၊ PDF-Kalay ရော စစ်ကူလာတယ်၊ PDF-Kalay အဖွဲ့နဲ့ ကျနော်တို့ ပေါင်းပြီး မိုင်းတွေလည်းဆွဲတယ်။ သူတို့ ကားတွေ လန် သွားတာတွေရှိတယ်၊ ပျူစောထီးကားလည်း မိုင်းထိတယ်၊ ဒီနေ့တိုက်ပွဲက တော်တော် အားရတယ်၊ ကျနော်တို့ ပစ်တာတွေရော မိုင်းဆွဲတာတွေရောဆိုတော့ သူတို့ အသေများလိမ့်မယ်၊ ကျနော်တို့ဘက်က ပ.က.ဖ က နှစ်ယောက် ဒဏ်ရာရတယ်၊ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး” ဟု VAKOK (CNDF) တပ်ရင်းမှူးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ယမန်နေ့တွင်လည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကာ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် နတ်ချောင်းကျေးရွာတွင် ညအိပ်တပ်စွဲပြီး ယနေ့နံနက်တွင် ချောင်းခွကျေးရွာကို ဝင်ရောက်ကာ မီးတင်ရှို့ခဲ့ခြင်းဖြစ်သည်။

“မနက် ၁၀ နာရီလောက်တုန်းက စစ်သားတွေ ထွက်သွားပြီထင်ပြီးတော့ ချောင်းခွရွာထဲကို ကျနော်တို့ ဝင်တယ်၊ စစ်သားတွေက ရွာက မထွက်သွားသေးဘူး၊ ရှိနေသေးတာ။ ပေ ၂၀၀ အကွာလောက်မှာ ကျနော်တို့ကို စ ပစ်တာ၊ တော်သေးတယ် အထိအခိုက်မရှိခဲ့ဘူး။ ကျနော်တို့ ပြန်ဆုတ်လာတယ်၊ ၁၂ နာရီမှာ တိုက်ပွဲပြန်ဖြစ်တာပေါ့။ နတ်ချောင်းက မီးလောင်တာ ဒီတခေါက်နည်းတယ်၊ ချောင်းခွကတော့ တော်တော်များမယ်။ ကျနော်တို့ နယ်မြေမရှင်းရသေး‌တော့ မသိရသေးဘူး။” ဟု VAKOK (CNDF) တပ်ရင်းမှူးက ဆက်ပြောသည်။

လက်ရှိအချိန်တွင် နှစ်ဖက်ပစ်ခတ်မှု မရှိတော့ပေမယ့် အခြေအနေစောင့်ကြည့်နေဆဲဖြစ်ကြောင်း VAKOK (CNDF) ထံမှ သိရှိရသည်။

ဓါတ်ပုံ – VAKOK (CNDF) တပ်ဖွဲ့ဝင်များ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article