ရန်ကုန်၊ ဧပြီ ၂၆
ရေစကြို၊ စက်မှုဇုန်တွင် ကင်းလှည့်လာသော စစ်ကောင်စီတပ်ဖွဲ့ကို Southern YSO PDF က ယနေ့ ဧပြီလ ၂၆ ရက် ညနေ ၄ နာရီခွဲတွင် မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးကြောင်း သတင်းရရှိသည်။
ကင်းလှည့်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးကို မိုင်း ၆ လုံး၊ လက်လုပ်စိန်ပြောင်း ၂ လုံးပစ် ဖောက်ခွဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အပြန်အလှန်ပစ်ခတ်မှု ၃ မိနစ်ခန့်ဖြစ်ပွားပြီး စစ်ကားမောင်းပြေးသွားကြောင်း Southern YSO PDF က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့ကို Southern YSO PDF အဖွဲ့မှ ဒုခေါင်းဆောင် ဗိုလ်တပြား၊ တိုက်ခိုက်ရေးခေါင်းဆောင် ဗိုလ်အေးသောင်းနှင့် ဗိုလ်ထီး တို့ဦးဆောင်ပြီး ညီနောင်မဟာမိတ် သုံးဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးရဲဘော် ၂ ဦး အသေးစားဒဏ်ရာရရှိပြီး ကျန်ရဲဘော်များအားလုံး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။