28 C
Yangon

မန္တလေး၊ ပုသိမ်ကြီးမြို့နယ်တွင် ခလရ ၄ မှ အရာခံဗိုလ်တစ်ဦးကို မြို့ပြပျောက်ကြား တပ်ပေါင်းစုက ပစ်ခတ်ရှင်းလင်း

Must read

ရန်ကုန်၊ ဧပြီ ၂၇

မန္တလေး၊ ပုသိမ်ကြီးမြို့နယ်တွင် ခလရ ၄ မှ အရာခံဗိုလ်တစ်ဦးကို မြို့ပြပျောက်ကြား တပ်ပေါင်းစုက ဧပြီလ ၂၆ ရက်နေ့တွင် ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ဒေသပျောက်ကြားအဖွဲ့များက သတင်းထုတ်ပြန်သည်။

နတ်ဆိုးမြေအောက် တော်လှန်ရေးအဖွဲ့၊ MDY မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ မန္တလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၁၉ ၊ ခမရ ၁၁၆ ၊ ခလရ ၄ တပ်သုံးခု၏ ပူးတွဲရုံးအုပ်ကြီး အရာခံဗိုလ်တစ်ဦးကို ဧပြီလ ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီတွင် ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးသွားကြောင်း သတင်းထုတ်ပြန်ထားသည်။

စစ်တပ်သတင်းရင်းမြစ်တချို့ကမူ မန္တလေး၊ ပုသိမ်ကြီးမြို့နယ်၊ ခလရ ၄ မှ တပ်ကြပ်ကြီး စာရေး ၁ ဦး ယမန်နေ့က သေနတ်ဖြင့် ၅ ချက် အပစ်ခတ်ခံရကြောင်း၊ တပ်အဝင်အထွက်များ ပိုမို လုံခြုံရေး တင်းကျပ်ထားကြောင်း ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article