30 C
Yangon

စစ်ကောင်စီက ၎င်းတို့ သတ်မှတ်ဆန်စျေးနှုန်းများဖြင့် ရောင်းချမှု ရှိ၊ မရှိ စျေးများ၊ ကုန်စုံဆိုင်များ၊ ပွဲရုံများနှင့် စူပါမားကတ်များကို လိုက်လံစစ်ဆေးမည်

Must read

စစ်ကောင်စီက ၎င်းတို့ သတ်မှတ်ဆန်စျေးနှုန်းများဖြင့် ရောင်းချမှု ရှိ၊ မရှိ စျေးများ၊ ကုန်စုံဆိုင်များ၊ ပွဲရုံများနှင့် စူပါမားကတ်များကို လိုက်လံစစ်ဆေးမည်

ရန်ကုန်၊ ဇွန် ၂၃

အကြမ်းဖက်စစ်ကောင်စီက ပြင်စျေးကွက်ပေါက်စျေးထက် များစွာ လျော့ နည်းသော ဆန်စျေးနှုန်းများကို သတ်မှတ်စျေးနှုန်းများ အဖြစ် ထုတ်ပြန်လိုက်ပြီး စူပါမားကတ်များ၊ စျေးများနှင့်ကုန်စုံဆိုင်များတွင် စစ်ကောင်စီ၏ သတ်မှတ်ဆန်စျေးထက် ပို၍ ရောင်းချမှု ရှိ၊ မရှိ စစ်တပ်က လိုက်လံစစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းစစ်ကောင်စီထံမှ သိရှိရသည်။

ရန်ကုန်၊ မန္တလေး ၊ ပဲခူး ပါအဝင် မြို့ကြီးများတွင် စစ်ကောင်စီ၏ သတ်မှတ်ဆန်စျေးနှုန်းများဖြင့် ရောင်းချမှု ရှိ၊ မရှိကို ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက ဦးဆောင်ကာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ရဲ၊ စားသုံးသူရေးရာ၊ စစ်တပ် တို့က လိုက်လံ စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။

“အခု ထုတ်ပြန်ထားတဲ့ သတ်မှတ်ဆန်စျေးနဲ့ ရောင်းမရောင်း လိုက်ပြီး စစ်ဖို့အဖွဲ့တွေ ဖွဲ့ထားတယ်။ တကယ်လို့ သတ်မှတ်စျေးထက် ၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထက် ပိုများနေတယ်ဆိုရင် အရေးယူမှုတွေ ရှိနိုင်ပါတယ်” ဟု ရန်ကုန်တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။

စစ်ကောင်စီက ဇွန်လအတွက် ဆန်စျေးနှုန်းများကို သတ်မှတ်ထားပြီး အနိမ့်ဆုံး ဆန်ကြမ်းစျေးနှုန်းကို ၂၄ ပြည်တစ်အိတ်လျှင် ငွေကျပ် ၇၀၀၀၀ မှ စတင်သတ်မှတ်ပြီး အမြင့်ဆုံး ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် ငွေကျပ် ၁၄၅၀၀၀ ကျပ်သတ်မှတ်ထားကြောင်း သိရှိရသည်။

စျေးကွက်အတွင်း ရောင်းချမည်ဆိုလျှင် ဆန်စျေးနှုန်းများသည် စစ်ကောင်စီက သတ်မှတ်ထားသော ဆန်စျေးနှုန်းထက် ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းသာ ကွာဟရမည်ဖြစ်ကြောင်း၊ စူပါမားကတ်များ၊ မီနီမတ်များတွင် သတ်မှတ်ဆန်စျေးနှုန်းထက် ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်းသာ ကွာဟရမည်ဖြစ်ကြောင်း စစ်ကောင်စီက မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှတစ်ဆင့် ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article