28 C
Yangon

ဖားကန့်၊ ဆိုင်းတောင်ကျေးရွာအနီးတွင် စစ်တပ်နှင့် KIA တပ်များ တိုက်ပွဲဖြစ်ပြီးစစ်တပ်ဘက်မှ ၁ ဦးသေဆုံး

Must read

ဖားကန့်၊ ဆိုင်းတောင်ကျေးရွာအနီးတွင် စစ်တပ်နှင့် KIA တပ်များ တိုက်ပွဲဖြစ်ပြီးစစ်တပ်ဘက်မှ ၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာအနီးတွင် စစ်တပ်နှင့် KIA တပ်များအကြား တိုက်ပွဲဖြစ်နေပြီး စစ်တပ်ဘက်မှ ၁ ဦးသေဆုံးကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၅ ရက်နေ့ နံနက် ၃ နာရီအချိန် ကချင်ပြည်နယ်၊ ဖားကန့်မြို့ နယ်၊ ဆိုင်းတောင် ရွာ၊ ဆိုင်းတောင်တံတား အနီးတွင် ဖားကန့်ဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆိုင်းတောင်တံတားတွင်လုံခြုံရေးယူထားသော KIA ၊ KPDF တို့ နှစ်ဖက် အပြန်အလှန်လက်နက်ကြီး လက်နက် ငယ်များဖြင့် ပစ်ခတ်ကာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ ယနေ့ နံနက် ၁၁နာရီ ခန့်အချိန် ဖားကန့်ဘက်မှ ဆိုင်းတောင်ရွာဘက်သို့ ခြေလျင် စစ်ကြောင်း ထိုးလာသော အင်အား ၁၀၀ ကျော်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆိုင်းအောင် ရပ်ကွက်အနီး KIA ၊ KPDF တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း လက်နက်ကြီး ၁၀ ချက်ကျော်ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ စစ်တပ် စစ်ကြောင်းက ယနေ့ ညနေ ၄ နာရီခန့်အချိန် ဆိုင်းအောင်ရပ်ကွက်မှ တဆင့် မှော်ရှန် နှီးဘုရား ရပ်ကွက်သစ်သို့ ပြန်လည်ဝင်ရောက်သွားကြောင်း၊ ထို့ကြောင့် PDF တပ်ဖွဲ့ဝင်များက နှီးဘုရား ရပ်ကွက်သစ်မှ ပြည်သူများကို နာရီဝက်အတွင်း အမြန်ပြောင်းရွှေ့ခိုင်းခဲ့ကြောင်း၊ ယနေ့ ည ၇ နာရီ ခွဲ အချိန် မှ စတင်ကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ် နေကြကြောင်း သိရှိသည်။

လတ်တလော စစ်ရေးအခြေအနေတင်းမာနေသောကြောင့် ဆိုင်းတောင်ကျေး ရွာ အတွင်းရှိ ဆိုင်ခန်းများ ကို ပိတ်ထားကြကြောင်း၊ ပြည်သူများမှာ တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်ကြောက်ရွံ့နေကြကြောင်း၊ ယနေ့ ညနေ ၆ နာရီခန့်အချိန်က လည်း လုံးခင်း မျောက်ကုန်းစစ်ကောင်စီစခန်းက ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် လုံးခင်းကျောက်ဝိုင်း ရှိနေအိမ်အပေါ်ကျရောက်ကာ နေအိမ် ၁ လုံး မီးလောင် ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article