ရန်ကုန်၊ ဧပြီ ၂၇
စစ်ကိုင်းမှ မုံရွာသို့ ဆင်းလာသည့် စစ်ကား ၁၃၆ စီးကို ယနေ့ ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၁နာရီ ၄၅ မိနစ်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကား ၅စီးထိမှန်ကာ ၁စီး ပျက်စီးခဲ့ပြီး စစ်သား ၁ဝဦးသေဆုံးခဲ့ကြောင်း DK PDFတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယင်း ယာဉ်တန်းကို မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာနှင့် အလ္လကပ္ပရွာကြားတွင် DK PDF- MMU၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM၊ Sagaing Underground Force(SUGF) တို့က မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Photo-AFP



