ထားဝယ်မြို့နယ်တွင် သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ပြီး ချီတက် ဆန္ဒပြ
ရန်ကုန်၊ ဇွန် ၃၀
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် သံဃာတော်များက အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် မှောက်ပြီး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
အဆိုပါ ချီတက် ဆန္ဒပြပွဲကို ထားဝယ်ခရိုင် သံဃာတော်များက ဦးဆောင်၍ ယနေ့ ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ “တိုင်းပြည်နှင့်သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက် စစ်တပ်အလိုမရှိ” ဆိုင်းဘုတ်ကိုင်ကာ “သံဃာကို သတ် မင်းအောင်လှိုင်တပ် အလိုမရှိ၊ လူမိုက်ကိုကူ သီတဂူ အလိုမရှိ” ကြွေးကြော်သံများဖြင့် ဆန္ဒ ပြခဲ့ကြောင်း သိရှိရသည်။
![](https://yktnews.com/wp-content/uploads/2024/06/449406457_834767185417556_3265052798098882797_n.jpg)
![](https://yktnews.com/wp-content/uploads/2024/06/449456392_834767345417540_221840216961063922_n.jpg)
![](https://yktnews.com/wp-content/uploads/2024/06/449612727_834767332084208_3555128496077084541_n.jpg)