26 C
Yangon

နောင်ချိုမြို့နယ် မီးသတ်ရုံးနှင့် ကျောက်မဲမြို့လယ်ခေါင်ကို စစ်တပ်က တိုက် လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချမှု လူနေအိမ်များနှင့် မြို့ ပြ ပျက်စီးမှု အလွန်များပြား

Must read

နောင်ချိုမြို့နယ် မီးသတ်ရုံးနှင့် ကျောက်မဲမြို့လယ်ခေါင်ကို စစ်တပ်က တိုက် လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချမှု လူနေအိမ်များနှင့် မြို့ ပြ ပျက်စီးမှု အလွန်များပြား

ရန်ကုန်၊ ဇူလိုင် ၁

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် မီးသတ်ရုံးနှင့် ကျောက်မဲမြို့လယ်ခေါင်ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ ကျဲချကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ဇွန်လ ၂၉ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင်အချိန် နောင်ချိုမြို့ မီးသတ်ရုံးအနီးကို စစ်ကောင်စီက ဂျက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံး လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ပြည်သူများ၏နေအိမ် ၈ အိမ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကျောက်မဲမြို့လယ်ခေါင်ကို စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံနေအိမ် ၂၀ ခန့် ပျက်စီးဆုံးရှုံးသွားကြောင်း၊ ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့ ညသန်ခေါင်းယံ ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီက ကျောက်မဲမြို့ ရပ်ကွက် ၁ ကို ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊

စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ရပ်ကွက် ၁ ရှိ One Love Hotel၊ ပင်လုံလမ်းအနီး ကမ္ဘောဇရှမ်းဘုန်းကြီးကျောင်းဆောင်နှင့် ဒေသခံ နေအိမ် ၂၀ ခန့် ပျက်စီးသွားကြောင်း သိရှိရသည်။

အလားတူ ယမန်နေ့ နံနက်ပိုင်းအချိန်တွင်လည်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောက်မဲမြို့ ရပ်ကွက် ၉ ရှိ ဆီဆိုင်တစ်ဆိုင်သို့ ဗုံးကျရောက်ပေါက်ကွဲခဲ့၍ မီးလောင်ဆုံးရှုံးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article