26 C
Yangon

ရေးမြို့နယ် ကွန်ဒူးကျေးရွာမှ ပျူစောထီး ခေါင်းဆောင် ဇံမင်း ကို ရေးဘီလူးအဖွဲ့က အရှင်ဖမ်းဆီး

Must read

ရေးမြို့နယ် ကွန်ဒူးကျေးရွာမှ ပျူစောထီး ခေါင်းဆောင် ဇံမင်း ကို ရေးဘီလူးအဖွဲ့က အရှင်ဖမ်းဆီး

ရန်ကုန်၊ ဇူလိုင် ၁

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကွန်ဒူးကျေးရွာမှ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးခေါင်းဆောင် ဇံမင်း (ခေါ်) ခေါင်းဖြူကို အရှင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၃၀ ရက်နေ့ ညနေ ၄ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးခေါင်းဆောင် ဇံမင်းကို ၎င်းနေအိမ်၌ပင် ရေးဘီလူး အဖွဲ့က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သတင်းအချက်အလက်တွေ ရထားတာ ကြာပြီ။ သတိပေးတယ်။ သတိပေးလျက်နဲ့ ရှေ့ဆက်တိုးတော့ ကျွန်တော်တို့ သူ့ကို လက်ပစ်ဗုံး၊ သက်သေခံပစ္စည်း၊ လက်ထိပ်တွေနဲ့ တကွ ရွာထဲမှာ ဝင်ရောက် ဖမ်းဆီးရမိတယ်။ ပြန်လည်ခုခံတာ မရှိဘူး ။ ခုခံချိန်လည်း မရလိုက်ဘူး”ဟု‌ ရေးဘီလူး အဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ဇံမင်း‌ (ခေါ်) ခေါင်းဖြူ သည် ကျေးရွာများအတွင်းတွင် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း၍ လောင်းကစားဝိုင်းများဖွင့်ခြင်း၊ ပျူစောထီးအနေဖြင့် လှုပ်ရှား၍ PDF များကို ဒုက္ခပေးခြင်း၊ လောင်းကစားဝိုင်းများ ထောင်၍ ကျေးရွာနေ ပြည်သူများကို ဒုက္ခပေးခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း၊ ညဘက်များတွင်လည်း တပ်တွင်းတွင် သွားရောက် အိပ်စက်သူဖြစ်ပြီး အကြမ်းဖက်စစ်တပ်မှလည်း လက်ပစ်ဗုံးများ၊ လက်ထိပ်များ ဇံမင်းကို ပေးထားကြောင်း သိရှိရသည်။

ဖမ်းဆီးရမိထားသည့် ဇံမင်း (ခေါ်) ခေါင်းဖြူကို ကြီးလေးသည့် အပြစ်များပေးသွားမည်ဖြစ်ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article