28 C
Yangon

သရက်ချောင်းမြို့နယ်မှ သံဃာတော်များ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်လိုက်ပြီး ပြည်သူများနှင့် အတူ ချီတက် ဆန္ဒပြ၊ သပိတ်မှောက်သည့် မြို့နယ် ၂၀ ခုထိ ရှိလာ

Must read

သရက်ချောင်းမြို့နယ်မှ သံဃာတော်များ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်လိုက်ပြီး ပြည်သူများနှင့် အတူ ချီတက် ဆန္ဒပြ၊ သပိတ်မှောက်သည့် မြို့နယ် ၂၀ ခုထိ ရှိလာ

ရန်ကုန်၊ ဇူလိုင် ၄

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ သံဃာတော်များ အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်လိုက်ပြီး ပြည်သူများနှင့် အတူ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်အာဏာရှင်ကို မလိုလားသော သရက်ချောင်းမြို့နယ်မှ သံဃာတော်များ ဦးဆောင်ပြီး သရက်ချောင်းမြို့နယ်အတွင်းရှိ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

သပိတ် ဦးဆောင် သံဃာတော်များနှင့် အတူ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)၊ ကရင်တိုင်းရင်းသားများ အပါအဝင် ဒေသပြည်သူများကလည်း လိုက်ပါ ဝန်းရံ ပူးပေါင်းပေးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်ဆောင်မှု ပြုလုပ်ကြရာတွင် ဇွန်လ ၂၃ ရက်နေ့တွင် ချောင်းဦးမြို့နယ်မှ သံဃာတော်များ စတင်ပြုလုပ်ခြင်းဖြစ်ပြီး ပခုက္ကူမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မုံရွာမြို့နယ် ၊ မြိုင်မြို့နယ် ၊ ဝက်လက်မြို့နယ်၊ အရာတော်မြို့၊ ဘုတလင်မြို့နယ်၊ မြင်းမူမြို့နယ်၊ ထားဝယ်မြို့နယ်၊ ပေါက်မြို့နယ်၊ မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ ကနီမြို့နယ် ၊ ရေဦးမြို့နယ် နှင့် သရက်ချောင်းမြို့နယ် အပါအဝင် စုစုပေါင်း မြို့နယ် ၂၀ ခုမှ သံဃာတော်များ ပူးပေါင်း ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ရာတွင် စစ်ကောင်စီကို သံဃာထုက အဆက် အဆံ မပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့၌ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လိုက်ပြီးနောက် သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်လာကြခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article